EU ၏ ထောက်ပံ့မှုဖြင့် DCA NCA နှင့် ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ယက်တို့ ပူးပေါင်းဆောင်ရွက်သော Empower Civil Society Organizations and Local Authorities Promoting Gender Equality in Myanmar စီမံကိန်း၏ “CSOs Learning Forum” ကို ၂၇၊ ၂၈ ရက်၊ ဖေဖော်ဝါရီလ၊ ၂၀၂၀ ခုနှစ်တွင် ညောင်ဦးမြို့ ၊ The Regency Hotel တွင် ကျင်းပခဲ့ပါသည်။ Forum တွင် မန္တလေး၊ မြစ်ကြီးနား၊ တောင်ကြီးနှင့် ဘားအံရှိ CSOs (၄၉) ဖွဲ့ စုစုပေါင်းလူဦးရေ (၁၁၄) ယောက် (မ ၇၅၊ ကျား ၃၅၊ အခြား ၄) တက်ရောက်ခဲ့ကြသည်။ Forum တွင် CSOs အဖွဲ့များ၏ ဆောင်ရွက်မှုလုပ်ငန်းအခြေအနေ၊ တွေ့ကြုံရသော အခက်အခဲများ၊ အောင်မြင်မှုများ ဆွေးနွေးခဲ့ကြပြီး ရှေ့ဆက်လုပ်မည့် လုပ်ငန်းစဉ်များကို ရေးဆွဲ့ခဲ့ကြသည်။ တက်ရောက်လာသူများမှ အဖွဲ့လိုက်ဆွေးနွေးခြင်းများ၊ အောင်မြင်မှုမှတ်တမ်းများ ပြသခြင်းနှင့် အသိပညာပေးဖျော်ဖြေမှုများ ပြုလုပ်ခဲ့ကြပါသည်။

 



back