မတ်လ ၈ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပရေးနှင့် Champion for Gender Equality ဆုပေးအပ်ခြင်းတို့အား သတင်းမီဒီယာများနှင့်အသိပေးမိတ်ဆက်ပွဲအား ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် Sule Shangrila ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အသိပေးမိတ်ဆက်ပွဲတွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဖြစ်ပါ်လာပုံသမိုင်းကြောင်းကို လုပ်ငန်းအဖွဲ့ဝင် ဆရာမ စုစုငယ်မှ‌ ပြောကြားပေးခဲ့ပြီး အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ လုပ်ငန်းအဖွဲ့အကြောင်းနှင့် ယခင်နှစ်များတွင် ပြုလုပ်ခဲ့သည့်အခမ်းအနားများအကြောင်းကို လုပ်ငန်းအဖွဲ့ဝင် ဆရာမမ ရည်မွန်ဦးမှ ပြောကြားပေးခဲ့ပါသည်။ ဆက်လက်ပြီး ယခုနှစ်တွင်ပြုလုပ်မည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အစီအစဉ်များအကြောင်းကို လုပ်ငန်းအဖွဲ့ဝင် ဆရာမ မိုင်တီဆွီလျန်းမှလည်းကောင်း၊ Champion for Gender Equality ဆုပေးအပ်ခြင်းနှင့် ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များကို ဒေါက်တာစစ်နိုင်မှ ရှင်းလင်းပြောကြားပေးခဲ့ပါသည်။ တက်ရောက်သတင်းရယူပေးခဲ့ကြသည့် သတင်းမီဒီယာများကိုလည်း ကျေးဇူးအထူးပင်တင်ရှိပါသည်။

 



back