ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်မှ တာဝန်ရှိပုဂ္ဂိုလ်များသည် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ တွေ့ဆုံခဲ့ကြပါသည်။ ဝန်ကြီးချုပ်နှင့် ကျား၊ မ‌ ရေးရာ တန်းတူညီမျှရေးကွန်ရက်တို့သည် မကြာခင်ကျရောက်လာမည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပနိုင်ရေးနှင့် အနာဂတ်တွင် အစိုးရနှင့် အရပ်ဘက်အဖွဲ့အစည်းများအကြား အမျိုးသမီးစွမ်းဆောင်ရည်မြှင့်တင်သည့် လုပ်ဆောင်ချက်များကို အတူတကွ ပူးပေါင်းလုပ်ဆောင်နိုင်ရေးတို့ကို အဓိကထားဆွေးနွေးခဲ့ကြပါသည်။ ယခုလို အချိန်ပေးတွေ့ဆုံကာ လိုအပ်သည့်လမ်းညွှန်မှုများပေးခဲ့သည့် ရန်ကုန်တိုင်းအစိုးရအဖွဲ့အား ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်မှ အထူးပင်ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

 



back