International Development Research Centre (IDRC) မှပံ့ပိုးပေးထားသည့် “မြန်မာနိုင်ငံတွင်း အမျိုးသမီးများ နိုင်ငံရေးတွင်ပါဝင်ရန် လမ်းကြောင်းများ နှင့် အတားအဆီးများ" သုတေသနအတွက် အရေအသွေးအခြေပြုသုသေတန အလုပ်ရုံဆွေးနွေးပွဲအား ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့နှင့် ဖေဖော်ဝါရီလ ၁ ရက်နေ့တို့တွင် Novotel Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲအား ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက် ညှိနှိုင်းရေးရုံးမှ ဝန်ထမ်းများ၊ သုတေသနတွင်ပါဝင်မည့် ကွန်ရက်အဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ Asian Institute of Technology, Gender and Development Studies မှ ပါမောက္ခများ တက်ရောက်ခဲ့ကြပြီး တက်ရောက်သူစုစုပေါင်း ၁၉ ဦး (မ ၁၅၊ ကျား ၄) ရှိခဲ့ပါသည်။ ဆွေးနွေးပွဲ၏ ရည်ရွယ်ချက်မှာ သုတေသနတွင် ပါဝင်မည့်သူများအား သုတေသနပြုလုပ်ရသည့်ရည်ရွယ်ချက်၊ သုတေသနဒီဇိုင်းနှင့်၊ အချက်အလက်များ ကောက်ယူ၊ သိမ်းဆည်း၊ ဖြန့်ဝေမည့်နည်းလမ်းများအား အကျွမ်းဝင်သိရှိစေရန်ဖြစ်ပါသည်။

 

 



back