၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်သည် ကျောက်ဖြူမြို့၊ ရမ္မာဝတီခန်းမတွင် ဂျဲန်ဒါနှင့် ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှုနှင့်သက်ဆိုင်သည့် အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်သူ ၄၇ ဦး (ကျား ၂၅၊ မ ၂၂) တို့ဖြင့် ပြုလုပ်ခဲ့ပါသည်။ ကျောက်ဖြူအထွေထွေအုပ်ချုပ်ရေးဌာနမှ ဒုတိယညွှန်ကြားရေးမှုး ဦကျော်နုမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရခိုင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန၏ ဒါရိုက်တာ ဒေါ်ယဉ်ယဉ်ပြုံးမှ အဖွင့်မိန့်ခွန်းပြောကြားပေးခဲ့ပါသည်။ သင်တန်းအား နှစ်ရက်ကြာကျောက်ဖြူမြို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဂျဲန်ဒါနှင့် ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှုနှင့်သက်ဆိုင်သည့် ဗဟုသုတများ၊ NSPAW အားအကောင်အထည်ဖော်ဆောင်နေမှု၏ တိုးတက်မှုအခြေအနေနှင့် မြို့နယ်အဆင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ၏ ဖွဲ့စည်းတည်ဆောက်ပုံတို့ကို မျှဝေရန်ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။

 

 

 

 



back