92 views 2021-01-25


မင်္ဂလာပါ …

၂၀၂၀ ခုနှစ်၊ မေလအတွက် လစဉ်သတင်းလွှာထုတ်ဝေမှုမှ ကြိုဆိုပါသည်။ မေလအတွင်း Covid-19 ရောဂါ ကူးစက်ပျံ့နှံ့မှုကြောင့် ကန့်သတ်မှုနှင့် အတားအဆီးများ ရှိခဲ့သော်လည်း GEN အတွက် အကျိုးဖြစ်ထွန်း သော လတစ်လ ဖြစ်ခဲ့ပါသည်။ GEN သည် Covid-19 ၏ ဂျဲန်ဒါအပေါ်သက်ရောက်မှုနှင့်ပက်သက်၍ အင်တာဗျူး ဗီဒီယိုများကို ပြီးမြောက်အာင်မြင်အောင် ဖန်တီးနိုင်ခဲ့ကာ လူမှုကွန်ရက်တွင် တိုက်ရိုက်ထုတ်လွှင်ခဲ့သည့် ဆွေးနွေး ပွဲများမှာလည်း စိတ်ဝင်စားဖွယ်ရာ ခေါင်းစဉ်များနှင့်အတူ သက်ဆိုင်ရာ ကျွမ်းကျင်သူများက ပါဝင်ဆွေးနွေးခဲ့ သည့်အတွက် ကြည့်ရှုမှုနှုန်းနှင့် ပါဝင်မှုနှုန်းမှာ ကျား၊မတန်းတူရေးရာ ကွန်ရက်သမိုင်းတွင် အမြင့်မားဆုံးဖြစ်ခဲ့ သည်။ ထို့အပြင် ကျား၊မရေးရာ တန်းတူညီမျှမှုကွန်ရက်သည် Covid-19 နှင့် ကျား၊မရေးရာကိစ္စရပ်များအား လူထုသိရှိမှုမြှင့်တင်ရန်အတွက် IEC ပစ္စည်းများကို တိုင်းရင်းသားဘာသာစကားများအပြင် လက်ဟန်ခြေဟန်ပြ ဘာသာစကားများနှင့်ပါ ထုတ်ဝေခဲ့ပြီး ကွန်ရက်အဖွဲ့ဝင်အဖွဲ့အစည်းများအား ဖြန့်ဝေပေးခဲ့ပါသည်။ အထက်ပါတို့ ကို ကျား၊မရေးရာ တန်းတူညီမျှမှုကွန်ရက်၏ အွန်လိုင်းပလက်ဖောင်းများဖြစ်သည့် ဖေ့ဘုတ်၊ ယူကျူ့ဘ်နှင့် ဝက်ဘ်ဆိုဒ်များတွင်လည်း လွှင့်တင်ထားပါသည်။

လစဉ်လတိုင်း ကွန်ရက်အဖွဲ့ဝင်များ (သို့) ပဲ့ကိုင်ကော်မတီဝင်များ (သို့) ဝန်ထမ်းများအား ၎င်းတို့၏ GEN နှင့် ပတ်သက်သည့် အတွေ့အကြုံ၊ စကားလက်ဆောင်များ ပါဝင်မျှဝေပေးပါ ရန် ဖိတ်ခေါ်လေ့ရှိပါသည်။ ယခုလအတွက် လစဉ်သတင်းလွှာမှာတော့ GEN ၏ NGO / CSO အဖွဲ့ဝင်ဖြစ်သည့် အမျိုးသမီးများအတွက်ငြိမ်းချမ်းရေးအဖွဲ့ (WFFP) ၏ ဒါရိုက်တာဖြစ်သူ ဆရာမဒေါ်သူဇာတင်မှ GEN နှင့်ပက်သက်သည့် သူမ၏အတွေ့အကြုံနှင့် အမြင်များကို အခုလို မျှဝေပေးခဲ့ပါသည်။

ကျွန်မကတော့ ဒေါ်သူဇာတင်ပါ။ ပထမဦးဆုံးအနေနဲ့ ကမ္ဘာလုံးဆိုင်ရာ Covid-19 ရောဂါ ဖြစ်ပွားမှုကာလအတွင်း ကောင်းမွန်သော ကျန်းမာရေးနှင့်အတူ စိတ်ကိုယ်နှလုံး လုံခြုံမှုရှိကြပါ စေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ ကျွန်မဟာ ၂၀၀၉ ခုနှစ်ကတည်းက စတင် တည်ထောင်ခဲ့တဲ့ အမျိုးသမီးများအတွက်ငြိမ်းချမ်းရေးအဖွဲ့ (WFFP) ရဲ့ ဒါရိုက်တာတစ်ဦး ဖြစ်ပြီး WFFP အဖွဲ့ ဟာ အမျိုးသမီးများအတွက် တန်းတူအခွင့်အရေးနှင့် အကြမ်းဖက်မှုမှ လွတ်မြောက်လာသူများ၏ တရားမျှတမှုအတွက် ကူညီဆောင်ရွက်ပေးနေတဲ့  NGO အဖွဲ့ အစည်းတစ်ခုလည်း ဖြစ်ပါတယ်။

WFFP ဟာ ၂၀၁၈ ခုနှစ်ကတည်းက GEN ရဲ့ ကွန်ရက်အဖွဲ့ဝင် ဖြစ်လာခဲ့ပါတယ်။ ကျွန်မတို့ အနေနဲ့ စတင်ပါဝင်ဆောင်ရွက်စဉ်ကတည်းက GEN ရဲ့ ကွန်ရက်အဖွဲ့ဝင်တွေအပေါ်မှာ ထားရှိတဲ့ လေးစားမှုနှင့် ပွင့်လင်းမြင်သာမှုတို့ကို ခံစားသိရှိရပါတယ်။ GEN ဟာ ကျွန်မတို့လို အဖွဲ့ အစည်းငယ်တွေ အပေါ်မှာလည်း စွမ်းရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပ ခြင်းအားဖြင့် လက်တွဲကူညီ ဆောင်ရွက်ပေးသလို ကျား၊မရေးရာနှင့်သက်ဆိုင်တဲ့ အလုပ်တာဝန် များကိုပါ တာဝန်ယူခွဲဝေလုပ်ကိုင်စေတာကလည်း GEN ကို ကျေးဇူးတင်ရမယ့် အချက်ပါ။ နိုင်ငံတကာ အမျိုးသမီးများနေ့၊ အလုပ်သမားနေ့၊ ၁၆ ရက်တာလှုပ်ရှားမှု ကမ်ပိန်း၊ အမျိုးသမီး များအပေါ် အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် ကျား၊မတန်းတူ ညီမျှရေးနှင့်သက်ဆိုင်တဲ့ တန်ဖိုးရှိသည့်  အကြံဉာဏ်များအပြင် IEC များကိုပါ ထောက်ပံ့ပေးတာတွေဟာ တကယ်ကို တန်ဖိုးရှိပါတယ်။ ဒါတင်မကပဲ အရည်အသွေးပြည့်ဝတဲ့ ပညာရပ်ဆိုင်ရာ စာအုပ်စာတမ်း များစွာကို GEN မှ ဖွင့်လှစ်ထားတဲ့ Gender Resource Center မှာတင် ရရှိနိုင်ပြီး ကွန်ရက် အဖွဲ့ဝင်တွေဆိုရင် အခမဲ့ဖြစ်ပါတယ်။ Covid-19 ကာလအတွင်း GEN ရဲ့ ကပ်ရောဂါတုံ့ပြန်မှု အစီအစဉ်တွေကို မြင်တွေ့ရတဲ့အခါမှာလည်း ဂုဏ်ယူဖွယ်ရာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ GEN မှ WFFP ကို  တက်ကြွမှုအရှိဆုံး ကွန်ရက်အဖွဲ့ဝင်ဆု ပေးအပ်ခဲ့ပြီး WFFP အနေနဲ့လည်း GEN နှင့်အတူ လုပ်ဆောင်နေတဲ့ တာဝန်ဝတ္တရားများကို ကူညီထောက်ပံ့သွားဖို့ အဆင့်သင့်ရှိပါတယ်။ GEN အနေနဲ့လည်း ကျား၊မရေးရာ တန်းတူညီမျှမှုအတွက် ပိုမိုတိုးတက်ဆောင်ရွက်နိုင်ပြီး အောင်မြင်မှုများစွာ ရရှိပါစေလို့ WFFP မှ ဆုတောင်းပေးလိုက်ပါတယ်။

 


GEN’S HIGHLIGHTS

GEN'S RESPONSE TO COVID-19

GEN သည်  Covid-19 အပေါ် တုံ့ပြန်မှုတစ်ရပ်အဖြစ် LIFT ၏ ကူညီပံ့ပိုးမှုဖြင့် လူမှုဝန်ထမ်း ဦးစီးဌာနသို့ မြန်မာငွေကျပ် ၅၀,၆၂၇,၇၅၀ တန်ဖိုးရှိ ထောက်ပံ့ရေးပစ္စည်း ၁၈ မျိုး (မျက်နှာဖုံး များ၊ လက်သန့်ရှင်းရေးပစ္စည်းများ၊ မျက်နှာအကာအရံများ၊ PPE ဝတ်စုံများ) စသည်တို့ကို လှူဒါန်းခဲ့ပါသည်။ အဆိုပါ ထောက်ပံ့ရေးပစ္စည်းများကို ရန်ကုန်တိုင်းရှိ လူမှုဝန်ထမ်းဦးစီးဌာန အပြင် မန္တလေး၊ မြစ်ကြီးနားနှင့် ဘားအံမြို့ရှိ လူမှုဝန်ထမ်းဦးစီးဌာနခွဲများ၊ အမျိုးသမီး ဆေးရုံများ (ရန်ကုန်၊ မန္တလေး၊ တောင်ကြီး)၊ ချင်းပြည်နယ်ရှိ စစ်ဘေးရှောင်စခန်း၊ LGBT ကွန်ရက်နှင့် MALI & PWD တို့ကိုလည်း  ပို့ဆောင်လှူဒါန်းခဲ့ပါသည်။ GEN ၏ မြစ်ကြီးနား၊ တောင်ကြီး၊ မန္တလေး၊ ဘားအံမြို့ရှိ ဒေသဆိုင်ရာ ညှိနှိုင်းရေးမှူးများကလည်း ထောက်ပံ့ရေး ပစ္စည်းများ ရောက်ရှိလှူဒါန်းနိုင်ရန်အတွက် သက်ဆိုင်ရာ လူမှုဝန်ထမ်းကယ်ဆယ်ရေးဌာနခွဲများနှင့် လက်တွဲ လုပ်ဆောင်ခဲ့ကြပါသည်။ ဒါဟာ ဒုတိယအကြိမ်မြောက် လှူဒါန်းမှုဖြစ်ပြီး GEN မှ မှာယူထား သည့် နောက်ထပ် ထောက်ပံ့ရေးပစ္စည်းများရောက်ရှိသည်နှင့် တပြိုင်နက် ဆက်လက်လှူဒါန်း သွားမှာ ဖြစ်ပါသည်။ LIFT ၏ Covid-19 ကို ရင်ဆိုင်တုံ့ပြန့်ရန်  ရည်ရွယ်လှူဒါန်းမှုအတွက် ကျား၊မရေးရာ တန်းတူညီမျှရေးကွန်ရက် အထူးပင်ကျေးဇူးတင်ရှိပါသည်။


LIVE PANEL DISCUSSIONS

မေလ ၁၆ ရက်နေ့ကစလို့ အပတ်စဉ် စနေနေ့တိုင်းမှာ ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက် သည် စိတ်ဝင်စားဖွယ်ရာ ခေါင်းစဉ်များနှင့်  အပတ်စဉ်ဆွေးနွေးပွဲများကို Zoom ပလက်ဖောင်းမှ တဆင့်  GEN ဖေ့ဘုတ်စာမျက်နာတွင် တိုက်ရိုက်ထုတ်လွှင့်ပေးခဲ့ပါသည်။ တိုက်ရိုက်ထုတ်လွှင့် ခဲ့သည့် ဆွေးနွေးပွဲများမှာ Covid-19 နှင့် အိမ်တွင်းအကြမ်းဖက်မှု၊ Covid-19 နှင့် LGBT၊ အိမ်တွင်းအကြမ်းဖက်မှု ဥပဒေဆိုင်ရာ အမေးအဖြေ စသည်တို့ပဲ ဖြစ်ပါသည်။ တိုက်ရိုက် ထုတ်လွှင့်မှု အစီအစဉ်များတွင် သက်ဆိုင်ရာနယ်ပယ်က ကျွမ်းကျင်သူများကို ဖိတ်ခေါ်ဆွေးနွေး စေပြီး စိတ်ပါဝင်စားသူများအနေနဲ့လည်း တက်ကြွစွာ ပါဝင်ခဲ့ကြပါသည်။ တိုက်ရိုက်ထုတ်လွှင့် သည့် ဆွေးနွေးပွဲများတွင် လူထုပိုမိုပါဝင်လာစေရန် Facebook Event များ ဖန်တီးခြင်းနှင့် မေးခွန်း ကြိုတင်စုဆောင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ ၎င်းဆွေးနွေးပွဲများမှာ များပြားတဲ့ လူထု၏ပါဝင်မှုကြောင့် GEN အတွက် အကျိုးရှိသည့် အစီအစဉ်တစ်ခုဖြစ်ခဲ့သလို ပုံမှန် ပါဝင် ကြည့်ရှုသူမှာလည်း ၃ ထောင်မှ ၄ထောင်အထိ ရှိပြီး ဖေ့ဘုတ်တိုက်ရိုက်ထုတ်လွှင့်မှု တစ်ခုတည်းမှာတင် ကြည့်ရှုသူ ၂ ထောင်ကနေ ၃ ထောင်က စိတ်ဝင်တစား ပါဝင်ဆွေးနွေးခဲ့ကြပါသည်။


QUIZ PROGRAM

ထို့အပြင် GEN သည် အပတ်စဉ် ပျော်ရွှင်စရာ ဉာဏ်စမ်းပဟေဋ္ဌိ အစီအစဉ်ကို GEN ၏ ဖေ့စ်ဘုတ်စာမျက်နာမှတဆင့် စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာ အချက်အလက်များနှင့်အတူ စတင်ခဲ့ပါသည်။ အဆိုပါ ဉာဏ်စမ်းမေးခွန်းများသည် အိမ်တွင်းအကြမ်းဖက်မှု၊ LGBT အရေးနှင့် နိုင်ငံရေးနယ်ပယ်တွင် အမျိုးသမီးပါဝင်မှု အခြေအနေတို့အပေါ် အခြေခံထားခြင်းဖြစ်ပြီး အပတ်စဉ်တိုင်းတွင် ပါဝင်ဖြေဆိုသူ (၁၀၀) ကျော် အထိ ရှိခဲ့ပါသည်။ အများပြည်သူလူထု၏ စိတ်ပါဝင်စားမှုနှင့် သိရှိစေလိုသော အကြောင်းအရာ အချက်အလက်တို့ကို အချိန်တိုအတွင်း ရောက်ရှိ အောင် ဆောင်ရွက်နိုင်ခဲ့သည့်အတွက် အကျိုးရှိသော အစီအစဉ်တစ်ခုလို့ ဆိုနိုင်ပါ သည်။


COVID-19 AND GENDER IMPACTS INTERVIEW SERIES

Covid-19 ရောဂါပိုးသည် ကမ္ဘာတစ်ဝှမ်းရှိ လူသားများအပေါ် အသက်အရွယ်၊ လူမှုရေး အဆင့် အတန်း၊ ကိုးကွယ်ယုံကြည်မှု၊ လူမျိုးနှင့်အသားအရောင် ခွဲခြားခြင်းမရှိဘဲ ကူးစက်ပျံ့နှံ့နေခဲ့ပါ သည်။ ကျား၊မရေးရာ တန်းတူညီမျှရေးကွန်ရက်သည်လည်း Covid-19 ၏ သက်ရောက်မှုကို ပိုမို ထိခိုက်ခံစားနိုင်ရခြေရှိတဲ့ နယ်ပယ်များမှ သက်ဆိုင်ရာ ကျွမ်းကျင်သူများကို ဖိတ်ခေါ် ပြီး လက်ရှိအခြေအနေများကို အင်တာဗျူးဗီဒီယိုများနှင့် မှတ်တမ်းတင်နိုင်ခဲ့ပါသည်။ ယခုလ အတွက် ဖန်တီးထုတ်လုပ်ခဲ့သည့် အင်တာဗျူးခေါင်းစဉ်များမှာ အောက်ပါအတိုင်းဖြစ်သည်။

မသန်စွမ်းမှု တစ်မျိုးမျိုးအတွက် မတူညီသော အကူအညီရယူသူများ (သို့) မသန်စွမ်းသူများအပေါ် Covid-19 ၏ သက်ရောက်မှုနှင့် ၎င်းတို့ကြုံတွေ့နေရသည့် အခက်အခဲ၊ အကျိုးဆက်များကို သိရှိနိုင်ရန် ABILIS Foundation ၏ Country Coordinator ဖြစ်သူ ဆရာမ စိုးမိုးဦးနှင့် အင်တာဗျူးဗီဒီယိုတစ်ခု လွှင့်တင်ခဲ့ပါသည်။ ဆရာမ စိုးမိုးဦးဟာ မသန်စွမ်းသူများအတွက် Covid-19 တုံ့ပြန်ရေးဆိုင်ရာ အရေးပေါ်ကော်မတီ၏ ဆက်သွယ်ရေးတာဝန်ရှိသူတစ်ဦးလည်း ဖြစ်ပါတယ်။ =

Facebook Link - https://www.facebook.com/genmyanmar/videos/689506165147861/

Youtube link - https://youtu.be/YX-yae1Gxps

Covid-19 ကာလအတွင်းပိုမိုကြီးမားသောအန္တရာယ်နှင့်စိန်ခေါ်မှုများကိုရင်ဆိုင်နေရသူများသည်ကျန်းမာရေးစောင့်ရှောက်မှုအလုပ်သမားများဖြစ်သည်။ သူတို့ကရောဂါကူးစက်မှုအလားအလာအလွန်မြင့်မားပြီးတစ်ချိန်တည်းမှာပင်လူမှုရေးခွဲခြားဆက်ဆံမှုများကြုံတွေ့နေရသည့်ရောဂါကူးစက်မှုကိုနေ့ရောညပါတိုက်ဖျက်ရေးတွင်ရှေ့တန်းစစ်မျက်နှာ၌အမှုထမ်းနေကြသည်။ ဤကျန်းမာရေးစောင့်ရှောက်မှုလုပ်သားအများစုသည်အမျိုးသမီးများဖြစ်သောကြောင့်၎င်းတို့သည်ပရော်ဖက်ရှင်နယ်နှင့်မိသားစုဘဝတွင်အပိုဝန်ထုပ်များရရှိကြသည်။ သူတို့၏အခြေအနေနှင့် ပတ်သက်၍ ပိုမိုနားလည်နိုင်ရန် GEN သည်ရန်ကုန်ဗဟိုအမျိုးသမီးဆေးရုံ၊ အထူးကု AS (O&G) နှင့်တွေ့ဆုံမေးမြန်းခဲ့ပါသည်။

Facebook Link - https://www.facebook.com/genmyanmar/videos/332674604367988/

Youtube link - https://youtu.be/sjEHmSGHvhw

Covid-19 ကူးစက်ပြန့်ပွားမှုကို လျှော့ချရန် ကြိုးပမ်းမှုကြောင့် လိင်နှင့်မျိုးဆက်ပွား ကျန်းမာရေး ဝန်ဆောင်မှုများသည် အကန့်အသတ်ရှိလာပြီး ဤဝန်ဆောင်မှုမျိုးကို အမျိုးသမီး များ လက်လှမ်းမီရရှိရန် အခက်အခဲရှိနေသည်။ ဒါကြောင့် Marie Stopes Myanmar ၏ Country Director ဖြစ်သူ ဒေါက်တာစစ်နိုင်ကို ကျား၊မရေးရာ တန်းတူညီမျှမှုကွန်ရက်မှ ဆက်သွယ်ကာ ကိုဗစ်ကာလမှာ လိင်နှင့်မျိုးဆက်ပွားကျန်းမာရေး ဝန်ဆောင်မှုများရယူဖို့ ဘာကြောင့်အကန့်အသတ်ရှိနေတာလဲ ဆိုသည့် အချက်နှင့် အမျိုးသမီးများ ဤဝန်ဆောင်မှု များကို မရရှိနိုင်သည့်အခါ ဖြစ်လာနိုင်မည့် အကျိုးဆက်တို့ကို သေချာစွာ သိရှိနားလည် သဘော ပေါက်စေရန် အင်တာဗျူးမေးမြန်းခဲ့ပါသည်။

Facebook Link - https://www.facebook.com/genmyanmar/videos/2547573502238110/

Youtube Link - https://youtu.be/WOCqtdPT3Io 

ခွဲခြားဆက်ဆံမှုကို ပိုမိုထိခိုက်ခံစားရတဲ့ အုပ်စုများထဲမှ တစ်ခုဖြစ်သည့် LGBT များဟာ Covid-19 ဖြစ်ပွားပျံ့နှံ့မှု ကာလအတွင်း စိန်ခေါ်များစွာနှင့် ရင်ဆိုင်နေရပါသည်။ ဒါကြောင့် ကျား၊မရေးရာ တန်းတူညီမျှမှုကွန်ရက်မှ LGBT များ တွေ့ကြုံခံစားနေရသည့် အခြေအနေ များကို ပိုမိုသိရှိနားလည်စေရန် Kings & Queens အဖွဲ့အစည်း၏ Program Manager ဖြစ် သူ ဆရာဦးတင်ကိုကိုနှင့် အင်တာဗျူးဗီဒီယိုတစ်ခု စီစဉ်ဖန်တီးခဲ့ပါသည်။

Facebook Link - https://www.facebook.com/genmyanmar/videos/559617461419451/

Youtube Link - https://youtu.be/uLgqZLdZEWo 


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ အထွေထွေညွှန်ကြားရေးမှူးနှင့် အင်တာဗျူးအစီအစဉ်

ကျား၊မရေးရာ တန်းတူညီမျှရေးကွန်ရက်သည်် ဒါရိုက်တာဖြစ်သူ ဆရာမ ဒေါ်မေစံပယ်ဖြူနှင့်အတူ Covid-19 ဖြစ်ပွားမှု ကာလအတွင်း လူမှုဖူလုံရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ တုံ့ပြန်ဆောင်ရွက်မှုများကို သိရှိနိုင်ရန် ဝန်ကြီးဌာနမှ အထွေထွေညွှန်ကြားရေးမှူး ဖြစ်သည့် ဆရာမဒေါ်စမ်းစမ်းအေးနှင့် အင်တာဗျူးဗီဒီယိုတစ်ခု ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ အင်တာဗျူးဗီဒီယိုတွင် ဝန်ကြီးဌာန၏ Covid-19 ကာလအတွင်း တုံ့ပြန့်ဆောင်ရွက်မှု အစီအစဉ် များနှင့် အထူးလေ့ကျင့်ပေးထားသည့် ဝန်ထမ်းများမှ ဖုန်းလိုင်းမှတဆင့်  စိတ်ပိုင်းဆိုင်ရာ အားပေးထောက်ပံ့မှုပေးခြင်း ဝန်ဆောင်မှုများအကြောင်းကို အသေးစိတ် သိရှိနိုင်မှာဖြစ်ပါ သည်။ လူကယ်ပြန်ဝန်ကြီးဌာနသည် ဖွံ့ဖြိုးရေးမိတ်ဖက်များနှင့်အတူ အိမ်တွင်းအကြမ်းဖက်မှု ဆိုင်ရာ သုတေသနဆောင်ရွက်ခြင်း၊ ကျားမအခြေပြု အကြမ်းဖက်မှု ကိစ္စရပ်များအတွက် ကိုင်တွယ်ခြင်းနှင့် အမျိုးသမီးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး စသည့် အကြောင်းအရာများကိုလည်း ဖြေကြားပေးခဲ့ပါသည်။ အထူးသဖြင့် Covid-19 တုံ့ပြန်ရေး အစီအစဉ်များနှင့် ကျား၊မ အခြေပြု အကြမ်းဖက်မှုကိစ္စရပ်များတွင် နိုင်ငံတော်အစိုးရ၏ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များကို GEN အဖွဲ့ဝင်များနှင့် ဖွံ့ဖြိုးရေးအဖွဲ့အစည်းများ ပိုမိုသိရှိနားလည်စေရန် အတွက် ဤအင်တာဗျူးဗီဒီယိုကို ရည်ရွယ်ဖန်တီးခဲ့ခြင်းဖြစ်သည်။

ဖေ့ဘုတ်လင့်ခ် အပိုင်း(၁) -                          - https://wwဘw.facebook.com/genmyanmar/videos/3126591334064495/

ဖေ့ဘုတ်လင့်ခ် အပိုင်း(၂) -                                                -https://www.facebook.com/genmyanmar/videos/1376670242519694/


FACEBOOK PAGE TRAINING

GEN မှ အသေးစားရံပုံငွေ ပံ့ပိုးထားသည့် အဖွဲ့များအတွက် စွမ်းရည်မြှင့်တင်ပေးရေး လှုပ်ရှား မှုတစ်ခုအဖြစ် ဖေ့စ်ဘွတ်ခ်စာမျက်နှာဆိုင်ရာ သင်တန်းတစ်ခုကို မေလ ၂၅ ရက်နေ့တွင် ပြုလုပ် ခဲ့ပြီး တောင်ကြီး၊ မြစ်ကြီးနား၊ မန္တလေးနှင့် ဘားအံမြို့ရှိ အရပ်ဖက်လူမှုအဖွဲ့အစည်း ၄၇ ဖွဲ့မှ တက်ရောက်သူ ၅၂ ဦးဟာ Zoom မှတဆင့် ပါဝင်လေ့လာခဲ့ကြပါသည်။ အဆိုသင်တန်းတွင် လူမှုအပြောင်းအလဲများအတွက် ဖေ့ဘုတ်စာမျက်နာဆိုင်ရာ လုပ်ငန်းဆောင်တာများကို သေချာ စွာ သိရှိနားလည်ခြင်းအားဖြင့် ပိုမိုထိရောက်စွာ အသုံးချနိုင်ပုံ၊ သက်ဆိုင်ရာအဖွဲ့အစည်း၏ ပုံရိပ်ကို လူမှုကွန်ရက်မှုတစ်ဆင့် မြှင့်တင့်နိုင်ပုံ၊ အွန်လိုင်းကမ်ပိန်းများအပေါ်စိတ်ပါဝင်စားမှု များပြားလာအောင် စီမံခန့်ခွဲနိုင်ပုံနှင့် ဖေ့ဘုတ်စာမျက်နာ၏ လစဉ် အသေးစိတ်အချက်အလက် များကို ရယူနိုင်တဲ့ နည်းလမ်း စသည်တို့ကို မျှဝေပေးခဲ့ပါသည်။ ပါဝင်တက်ရောက်သူများ၏ မေးခန်းများနှင့် တုံ့ပြန်မှုအခြေအနေအရ အကျိုးရှိသည့်သင်တန်းတစ်ခု ဖြစ်ခဲ့ပါသည်။


ONLINE MEETINGS

Covid-19 ကာလအတွင်း GEN-CU ဝန်ထမ်းများသည် အိမ်မှအလုပ်လုပ်ရသော်လည်း အဆက်အသွယ်နှင့် အချိတ်အဆက် မပြတ်စေရန်အတွက် အွန်လိုင်းအစည်းအဝေးများကို ပုံမှန်ကျင်းပခဲ့ပါသည်။ GEN-CU ဝန်ထမ်းများ အွန်လိုင်းအစည်းအဝေး၊ အသစ်ခန့်အပ်ထား သည့် ဝန်ထမ်းများအား မိတ်ဆက်သည့် အွန်လိုင်းအစည်းအဝေးများကို Zoom မှတဆင့် ပြုလုပ် ခဲ့ပြီး ပဲ့ကိုင်ကော်မတီ၏ လစဉ်အစည်းအဝေးများကိုလည်း အွန်လိုင်းတွင် ပုံမှန်ကျင်းပခဲ့ပါ သည်။


UPDATE NEWS

လက်ရှိတွင် GEN သည် “ပြည်ပရောက် ရွှေ့ပြောင်းအခြေချ လုပ်ကိုင်သူများနှင့် မွန်၊ ကရင်နှင့် တနသာၤရီတိုင်းတို့မှ ပြည်တော်ပြန် ရွှေ့ပြောင်းလုပ်ကိုင်သူများအတွက် အထောက်အပံ့နှင့် အခွင့်အလမ်းများ ပိုမိုကောင်းမွန်စွာ ရရှိစေရန်” ရည်ရွယ်ပြီး အဆိုပြုလွှာတစ်ခုကို LIFT သို့ တင်ပြရန် ပြင်ဆင်နေပါသည်။ ရန်ကုန်ပြင်ပ ကျေးလက်ဒေသများရှိ ပြည်တွင်းရွှေ့ပြောင်း အလုပ်သမားများ၏ လုပ်အားခ ခေါင်းပုံဖြတ်ခံရမှု၊ လျော့ရဲသော ကျန်းမာရေးစောင့်ရှောက်မှု နှင့် စားဝတ်နေရေးအပေါ် ထိခိုက်မှုများ လျော့ကျလာစေရန် ရည်ရွယ်ချက်နှင့်အတူ အဆိုပြုလွှာ များ လျှောက်ထားရန် LIFT မှ ကြေညာထားပါသည်။


MEMBERS’ HIGHLIGHTS

 

UPDATE NEWS

လက်ရှိတွင် GEN သည် “ပြည်ပရောက် ရွှေ့ပြောင်းအခြေချ လုပ်ကိုင်သူများနှင့် မွန်၊ ကရင်နှင့် တနသာၤရီတိုင်းတို့မှ ပြည်တော်ပြန် ရွှေ့ပြောင်းလုပ်ကိုင်သူများအတွက် အထောက်အပံ့နှင့် အခွင့်အလမ်းများ ပိုမိုကောင်းမွန်စွာ ရရှိစေရန်” ရည်ရွယ်ပြီး အဆိုပြုလွှာတစ်ခုကို LIFT သို့ တင်ပြရန် ပြင်ဆင်နေပါသည်။ ရန်ကုန်ပြင်ပ ကျေးလက်ဒေသများရှိ ပြည်တွင်းရွှေ့ပြောင်း အလုပ်သမားများ၏ လုပ်အားခ ခေါင်းပုံဖြတ်ခံရမှု၊ လျော့ရဲသော ကျန်းမာရေးစောင့်ရှောက်မှု နှင့် စားဝတ်နေရေးအပေါ် ထိခိုက်မှုများ လျော့ကျလာစေရန် ရည်ရွယ်ချက်နှင့်အတူ အဆိုပြုလွှာ များ လျှောက်ထားရန် LIFT မှ ကြေညာထားပါသည်။


MEMBERS’ HIGHLIGHTS

GEN အဖွဲ့ဝင် WaterAid Myanmar အဖွဲ့အစည်းသည် မေလ ၂၈ ရက်နေ့တွင် ကျရောက်သော "အမျိုး သမီးတစ်ကိုယ်ရေ သန့်ရှင်းရေးနေ့" အား ဂုဏ်ပြုသည့်အနေဖြင့် ကမ်ပိန်းတစ်ခုတွင် ပါဝင်ခဲ့ပါသည်။ "လက်ကောက်ကမ်ပိန်း" ဟု အမည်ရသည့် အဆိုပါလှုပ်ရှားမှုတွင် အဖွဲ့ဝင်များက ပုတီးစေ့ ၂၈ လုံးနှင့် အမျိုးသမီးရာသီစက်ဝန်းအား ကိုယ်စားပြုသည့် အနီရောင်ပုတီးစေ့ ၅ လုံးပါ လက်ပတ်ကြိုးကို ပြုလုပ်ဖန်တီးခဲ့ကြပြီး "အမျိုးသမီးတစ်ကိုယ်ရေသန့်ရှင်းရေးနေ့"၏ ဆိုလိုရင်းကို ထင်ဟပ်စေခဲ့ကြပါ သည်။

Covid-19 ကူးစက်ရောဂါကာလအတွင်း ကျား၊မအခြေပြု အကြမ်းဖက်မှုများနှင့်ပက်သက်ပြီး ဆက်သွယ်နိုင်မည့် နည်းလမ်းအကျဉ်းချုပ်ကို အွန်လိုင်းတွင် ရယူနိုင်ပြီဖြစ်ပြီး ၎င်းတွင် အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ နိုင်ငံတော်အဆင့်၊ ပြည်နယ်အဆင့် ဆက်သွယ်နိုင်မည့် ဖုန်း နံပါတ်များနှင့်အတူ လူမှုဝန်ထမ်းဦးစီးဌာနမှ ဖုန်းနံပါတ်များကိုလည်း ထည့်သွင်းထားပါသည်။ ဆက်သွယ်ရေးဆိုင်ရာ လမ်းကြောင်းများနှင့် ပက်သက်ပြီး ပြုပြင်လိုခြင်း (သို့) ထပ်မံ ဖြည့်သွင်းလိုခြင်းများ ဆောင်ရွက်လိုပါက International Alert မှ ဆရာမ မေသဇင်အောင်ကို အသိပေးဆောင်ရွက်နိုင်ပါသည်။ ကျား၊မအခြေပြု အကြမ်းဖက်မှုများသည် ရောဂါကူးစက် ပျံ့နှံ့မှုကာလအတွင်း ပိုမိုမြင့်တက်လာသည်ကို ကျုပ်တို့အနေဖြင့် သိရှိပြီးဖြစ်တာကြောင့် အကြမ်းဖက်ကို လက်တွေ့ခံစားနေရသူများအနေဖြင့် အလွယ်တကူ အကူအညီရယူနိုင်မည့် နည်းလမ်းများကို သေချာစွာသိရှိစေရန်အတွက် အဖွဲ့ဝင်နှင့်မိတ်ဖက်အဖွဲ့အစည်းများအကြား တတ်နိုင်သရွေ့ ကျယ်ကျယ်ပြန့်ပြန့် မျှဝေပေးရန် အထူးလိုအပ်ပါသည်။


GEN’S SUPPORT IN OTHERS’ WORK

၂၀၂၀ ပြည့်နှစ်၊ မေလ ၇ ရက်နေ့တွင် GEN သည် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးကျင်းပသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ၏ (MNCW) ပထမဆုံးအစည်းအဝေးကို Zoom မှ တဆင့် ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် Covid-19 ကာလအတွင်း အဖွဲ့ဝင်များ၏ တုံ့ပြန်ဆောင်ရွက်ချက်များ၊ အမျိုးသမီးများအပေါ် ကျရောက်လာသည့် အကျိုးသက်ရောက်မှုကို ဘယ်လိုလျှော့ချရမလဲဆိုသည့် အချက်နှင့် ရှေ့ဆက်လုပ်ဆောင်သင့် သည့် တုံ့ပြန်ဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို အဓိကထား ဆွေးနွေးခဲ့ကြပါသည်။


၂၀၂၀ ခုနှစ် မေလ ၇ ရက်တွင် GEN ၏ ဒါရိုက်တာသည် Zoom မှတဆင့် ကွန်ရက်ခိုင်မာ အားကောင်းမှုဆိုင်ရာ အစီရင်ခံစာ၏ အပြီးသတ်အစည်းအဝေးသို့ အကြံပေးများနှင့်အတူ တက်ရောက်ခဲ့သည်။ ဤ အစီရင်ခံစာသည် ကွန်ရက်အတွင်း အပြန်အလှန် ပူးပေါင်းဆောင်ရွက် မှုများ ပိုမိုအားကောင်းခိုင်မာလာစေရန်နှင့် အဖွဲ့ဝင်များ၏ ပူးပေါင်းပါဝင်မှု ပိုမိုမြင့်တက်လာစေ ရန်အတွက် ရည်ရွယ်ပြီး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။


၂၀၂၀ ခုနှစ် မေလ ၂၁ ရက်နေ့တွင် GEN သည် ကျား၊မ တန်းတူညီမျှရေးနှင့် အမျိုးသမီးကဏ္ဍ မြှင့်တင်ရေး အစည်းအဝေး (GEWE) ကို ဖွံ့ဖြိုးရေးမိတ်ဖက်များနှင့်အတူ ပါဝင်ခဲ့သည်။ ၎င်း အစည်းအဝေးတွင် အဖွဲ့ဝင်များ၏ Covid-19 အပေါ် တုံ့ပြန်လှုပ်ရှားမှု လက်ရှိအခြေအနေများ၊ (GEWE) စေ့စပ်ညှိနှိုင်းရေးဆိုင်ရာ ဖွဲ့စည်းပုံအသစ်အကြောင်း၊ နည်းစနစ်ပိုင်းဆိုင်ရာ အလုပ် အဖွဲ့၏ ရပ်တည်မှု၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း (NSPAW) နှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေ (PoVAW) အကောင်အထည်ဖော်မှု နောက်ဆုံးအခြေအနေများကို အသီးသီးမျှဝေခဲ့ကြပါသည်။


၂၀၂၀ ခုနှစ်၊ မေလ ၂၃ ရက်နေ့တွင် GEN ၏ အမျိုးသားအဆင့်အကြံပေးသည် ကနေဒါသံရုံးမှ ဦးစီးကျင်းပသည့် "အမျိုးသမီးများ၏အသံနှင့် ခေါင်းဆောင်မှုဆိုင်ရာ အစီအစဉ်" အကြံပြု အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။ သက်ဆိုင်ရာ စီမံကိန်းနယ်မြေများရှိ Covid-19 တုံ့ပြန်ရေးအစီအစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်နေသည့် မိတ်ဖက်များအတွက် အသေးစားရံပုံငွေ ထပ်မံပံ့ပိုးထားမှု အခြေအနေနှင့် လုပ်ငန်းစဉ် အကောင်အထည်ဖော်မှု လက်ရှိအနေအထားတို့ကို ထိုအကြံပြုအစည်းအဝေးတွင် ပြန်လည်သုံးသပ်ခဲ့ကြသည်။

၂၀၂၀ ခုနှစ်၊ မေလ ၉ ရက်နေ့တွင် GEN ၏ ဒါရိုက်တာဖြစ်သူသည် CEDAW ပူးပေါင်း အစည်းအဝေးသို့ ကွန်ရက်အဖွဲ့ဝင်များဖြစ်သည့် WON နှင့် WLB မှ အဖွဲ့ဝင်များနှင့်အတူ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် အဖွဲ့အစည်းတစ်ခုချင်းစီနှင့် ကွန်ရက်အသီးသီး၏ Covid-19 အပေါ် တုံ့ပြန်မှုဆောင်ရွက်မှု လုပ်ငန်းစဉ်နှင့် CEDAW ပြန်လည်သပ်ရေး အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင်လတွင် ပြုလုပ်ကျင်းပနိုင်ရန်အတွက် အဓိကထား ဆွေးနွေးခဲ့ကြ ပါသည်။

၂၀၂၀ ပြည့်နှစ်၊ မေလ ၁၉ ရက်နေ့တွင် GEN ၏ ဒါရိုက်တာဖြစ်သူသည် အရပ်ဖက်အဖွဲ့အစည်း ခေါင်းဆောင်များနှင့် တိုင်ပင်ဆွေးနွေးခြင်း အလုပ်ရုံဆွေးနွေးပွဲကို Zoom မှတစ်ဆင့် တက် ရောက်ခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲ မှာ အရပ်ဖက်အဖွဲ့အစည်းများနှင့် ကွန်ရက် ခေါင်းဆောင်များအကြား  မဟာဗျူဟာကျဆက်ဆံရေး တည်ဆောက်ရန်အတွက် ရည်ရွယ်ခြင်း ဖြစ်သည်။ အစီအစဉ်အရ အရေးတကြီး ချဲ့ထွင်ဖော်ပြရန် လိုအပ်သည့် ကိစ္စရပ်များကို ဦးစွာ ဖော်ထုတ်သတ်မှတ်ပြီး အမျိူးသမီး၊ မသန်စွမ်း၊ ပဋိပက္ခ၊ စစ်ဘေးရှောင်စခန်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့၊ ငြိမ်းချမ်းရေး၊ အလုပ်သမားအရေး၊ ရွှေ့ပြောင်းလုပ်သားနှင့် စက်ရုံလုပ်သား ၊ ဥယျာဉ်လယ်ယာမြေအရေး : စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်၊ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုပိုင်ခွင့်၊ သတင်းမီဒီယာနှင့် ဆက်သွယ်ရေး၊ တွင်းထုတ်ပစ္စည်းများ ထုတ်ဖော်ရယူခြင်း ဆိုင်ရာ လုပ်ငန်းနယ်ပယ်၊ နိုင်ငံတကာရင်းနှီးမြှပ်နှံမှု၊ ပြည်တွင်းရင်းနှီးမြှပ်နှံမှု၊ သုတေသနနှင့် ထောက်ခံရေးလုပ်ငန်းစဉ်များနှင့် ပက်သက်ပြီး အရပ်ဖက်လူမှုအဖွဲ့ အစည်း ခေါင်းဆောင်များ သည် အဖွဲ့ငယ်များခွဲကာ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။

၂၀၂၀ ပြည့်နှစ်၊ မေလ ၁၉ ရက်နေ့တွင် GEN ၏ ဒါရိုက်တာဖြစ်သူသည် DFID မှ မြန်မာနိုင်ငံ အတွက် Covid-19 အပေါ် တုံ့ပြန်ဆောင်ရွက်ချက်များနှင့် ၎င်းတို့၏ နည်းဗျူဟာများကို လေ့လာရန် Zoom မှတဆင့် အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ အစည်းအဝေးတွင် DFID မှ Covid-19 တုံ့ပြန် ဆောင်ရွက်မှုဆိုင်ရာ နည်းဗျူဟာများကိုတင်ပြခဲ့ပြီး အရပ်ဖက် ခေါင်းဆောင်များကလည်း Covid-19 အကျပ်အတည်းကာလမှ ထွက်ပေါ်လာသည့် အန္တရာယ် နှင့် အခွင့်အလမ်းများအကြောင်း ဆွေးနွေးခဲ့ကြသည်။


၂၀၂၀ ခုနှစ်၊ မေလ ၂၈ ရက်နေ့တွင် GEN ၏ ဒါရိုက်တာဖြစ်သူသည် စီးပွားရေးလုပ်ငန်းများ ကျား၊မ တန်းတူညီမျှရေး ပူးပေါင်းဆောင်ရွက်မှုအသင်းကြီး (BCGE) မှ ကျင်းပပြုလုပ်သည့် Covid-19 ကာလအတွင်း စီးပွားရေးပြန်လည်တည်ဆောက်ရန် တုံ့ပြန်ဆောင်ရွက်မှုများနှင့် ဂျဲန်ဒါရေစီးကြောင်း အွန်လိုင်းဟောပြောဆွေးနွေးပွဲအတွက် ဟောပြောသူတစ်ဦးအနေဖြင့် ပါဝင်ဆွေးနွေးခဲ့ပါသည်။ အောက်ဖော်ပြပါ အချက်ငါးချက်ပါဝင်သည့် အဆိုပါဆွေးနွေးပွဲမှာ ကြာမြင့်ချိန် ၂ နာရီနီးပါးအထိ ရှိခဲ့ပြီး ဆွေနွေးပွဲအတွင်း (၁) ဘာကြောင့် ကျား၊မရေးရာ ကဏ္ဍ ဟာ လိုအပ်တာလဲ (၂) ကျား၊မရေးရာနှင့် စီးပွားရေးကဏ္ဍအကြား ဆက်နွယ်မှု (၃) ကျား၊မ ရေးရာ ရေစီကြောင်းဆိုတာ ဘာလဲ (၄) ကျား၊မရေးရာနှင့် Covid-19 အပေါ် တုံ့ပြန်ဆောင်ရွက် ချက်များကို ဘယ်လိုပေါင်းစပ်နိုင်မလဲ (၅) ကျား၊မရေးရာ ရေစီးကြောင်းဟာ စီးပွားရေးကဏ္ဍ အတွက် ဘယ်လိုထောက်ပံ့အကျိုးပြုပေးနိုင်သလဲ စသည့် အချက်များကို ထည့်သွင်း ဆွေးနွေး ခဲ့ကြပြီး လူဦးရေ (၈၀) ခန့် ပါဝင်ခဲ့ကြပါသည်။


၂၀၂၀ ခုနှစ်၊ မေလ ၂၉ ရက်နေ့တွင် GEN ၏ ဒါရိုက်တာဖြစ်သူသည် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကာ်မတီ (MNCW) မှ ဦးစီးကျင်းပသည့် အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် အမျိုးသမီးအဖွဲ့အစည်း / ကွန်ရက်များက ကျေးလက်နေ အမျိုးသမီးများနှင့် ရွှေ့ပြောင်း အမျိုးသမီးလုပ်သားများအတွက် မည်သို့ အလုပ်အကိုင်အခွင့်အလမ်းများ မြှင့်တင် ပေးသင့်သည်ဆိုသည့် အချက်ကို အဓိကထား ဆွေးနွေးခဲ့ကြသည်။


FEATURED RESOURCES

Covid-19 နှင့် အိမ်တွင်းအကြမ်းဖက်မှု အသိပညာပေးဗွီဒီယိုများ

Covid-19 ရောဂါ ကူးစက်ပြန့်နှံ့မှုကြောင့် အသွားအလာကန့်သတ်ခြင်း (Quaratine) နှင့် ပိတ်ဆို့ခြင်း (Lockdown) ကြောင့် ဖြစ်ပေါ်လာသည့် သက်ရောက်မှုများစွာထဲမှ တစ်ခုဖြစ်သည် အိမ်တွင်းအကြမ်းဖက်မှုသည်လည်း ပိုမိုတိုးပွားလာခဲ့ပါသည်။ ဤဗီဒီယိုသည် အိမ်တွင်းအကြမ်း ဖက်မှု ကြိုတင်ကာကွယ်ရေး နှင့် တားဆီးကာကွယ်ရေး အသိပညာမြှင့်တင်ရန် ရည်ရွယ်သည့် အသိပညာပေးဗီဒီယိုတစ်ခုဖြစ်ပါသည်။ အရေးပေါ်အကူအညီ ရယူရန်အတွက် လိုအပ်သည့် ဖုန်းလိုင်းနံပါတ် အချက်အလက်များလည်း ပါဝင်ပြီး ၎င်းအရင်းအမြစ်များကို LIFT နှင့် UNFPA မှ ကူညီပံ့ပိုးထားခြင်းဖြစ်သည်။

ဖေ့စ်ဘုတ် လင့်ခ် -

https://www.facebook.com/genmyanmar/videos/243971546935980/

 

NSPAW အန်နီမေးရှင်း ဗီဒီယို

အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (NSPAW) သည် မြန်မာနိုင်ငံရှိ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ရေးဆွဲခဲ့သည့် မဟာ ဗျူဟာစီမံကိန်းတစ်ခုဖြစ်ပြီး အကောင်အထည်ဖော်မှုကာလမှာ ၂၀၁၃ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ဆယ်နှစ်တာကာလဖြစ်သည်။ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (NSPAW) သည် အမျိုးသမီးအခွင့်အရေးများ ပိုမိုဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရေး၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျား၊မရေးရာ တန်းတူညီမျှမှုတို့အတွက် ရည်ရွယ်ပြီး ဦးစားပေးဧရိယာဒေသ (၁၂) ခုအပေါ်တွင် အခြေခံထားခြင်းဖြစ်သည်။ ကျား၊မ ရေးရာ တန်းတူညီမျှမှုကွန်ရက်သည် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသား အဆင့် မဟာဗျူဟာစီမံကိန်း (NSPAW) ကို အများပြည်သူ သိရှိနားလည်စေရန် အတွက် ရည်ရွယ်ပြီး ဤကာတွန်းအန်နီမေးရှင်းဗီဒီယိုကို ဖန်တီးခဲ့ခြင်းဖြစ်သည်။ ပညာပေး အနေနှင့် သာမက ဖျော်ဖြေရေးအနေနှင့်ပါ သိရှိခံစားနိုင်ပါစေကြောင်း ကျွန်ုပ်တို့ ကျား၊မရေးရာ တန်းတူ ညီမျှမှုကွန်ရက်မှ မျှော်လင့်ပါသည်။

ယူကျု့ဘ် လင့်ခ် - https://youtu.be/H4D9vGCGRiI

 

ပြည့်စုံသော လိင်မှုပညာပေး

ကျွန်ုပ်တို့ ကျား၊မရေးရာ တန်းတူညီမျှရေးကွန်ရက်အနေဖြင့် UNFPA နှင့် ပူးပေါင်းဖန်တီးထား သည့် ပြီးပြည့်စုံသော လိင်မှုပညာပေးဗီဒီယိုကို မျှဝေပေးလိုပါသည်။ ဤအသိပညာပေး ဗီဒီယို သည် ပြီးပြည့်စုံသောလိင်မှုပညာပေး (CSE) အကြောင်းအရာများကို အများပြည်သူအား မိတ်ဆက်ပေးရန် ရည်ရွယ်ခြင်းဖြစ်ပြီး မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အခွင့်အရေး၊ ကျန်းမာ သော လူမှုနေထိုင်မှုပုံစံ၊ ဆယ်ကျော်သက်များနှင့် လူငယ်များအား ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ လိင်မှုအကြမ်းဖက်မှုများကို ရှောင်ရှားနိုင်မည့် နည်းလမ်းများကို အသိပညာ ပေးလိုခြင်းဖြစ်သည်။ ၎င်းအသိပညာပေးဗီဒီယိုသည် မိန်းကလေးများနှင့်အမျိုးသမီးများ စွမ်းဆောင်ရည်မြှင့်တင်ရေး နယ်ပယ်၊ ကျား၊မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ နယ်ပယ်၊ မျိုးဆက်ပွားကျန်းမားရေးဆိုင်ရာ နယ်ပယ်၊ ဘဝနေထိုင်မှုဆိုင်ရာ အသိပညာပေးနယ်ပယ်၊ လူငယ်ဖွံ့ဖြိုးရေးနယ်ပယ်များတွင် အလုပ်လုပ်ကိုင်နေသူများအတွက် အသုံးဝင်သည့် ကိရိယာ တစ်ခုဖြစ်သည်။

Youtube Link - https://youtu.be/S8PppEGIo60


COVID-19 AND GENDER ADVOCACY BRIEF IN ETHNIC LANGUAGES


 

back

Share
Share
Share