56 views 2020-03-18

မင်္ဂလာပါ…

၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလအတွက် သတင်းလွှာရယူဖို့ အချိန်ကျရောက်လို့လာပါပြီ။ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ နီးကပ်လာသည်နှင့်အမျှ ကမ်ပိန်းကျင်းပရန်အတွက် ကျွန်ုပ်တို့ ပြင်ဆင်နေကြပါပြီ။ အထူးအစီအစဉ်အနေနဲ့ မြန်မာနိုင်ငံမှာ ဂျဲန်ဒါတန်းတူညီမျှရေးအတွက် လုပ်ကိုင်နေကြတဲ့ လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းတစ်ခုကို Champion for Gender Equality ဆုအား ပေးအပ်သွားမည်ဖြစ်ပါတယ်။ အဲဒီတော့ မတ်လ ၈ ရက်နေ့မှာ ပြုလုပ်မဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကမ်ပိန်းမှာ ဆုရရှိသူကို စောင့်ကြည့်လိုက်ကြရအောင်။

လစဉ်လတိုင်း ကွန်ရက်အဖွဲ့ဝင်များ၊ ကွန်ရက်၏ အသိမိတ်ဆွေများ သို့မဟုတ် ဝန်ထမ်းများအား ၄င်းတို့၏ GEN နှင့် ပတ်သက်သော အတွေ့အကြုံ စကားလက်ဆောင်များ ပါဝင်မျှဝေပေးပါရန် ဖိတ်ခေါ်လေ့ရှိပါတယ်။ ယခုလ လစဉ်သတင်းလွှာမှာတော့ တက်ကြွတဲ့ NGO/CSO အဖွဲ့ဝင်တစ်ဦးလည်းဖြစ်တဲ့ Women’s Hand Myanmar Foundation ရဲ့ GEN နှင့် ပတ်သတ်သည့် အတွေ့အကြုံများနဲ့ ရင်တွင်းစကားများကို မျှဝေထားပါတယ်။

 

 

မင်္ဂလာပါရှင်။

နှစ်သစ်သက္ကရာဇ် ၂၀၂၀ မှာ အားလုံးပျော်ရွှင်ချမ်းမြေ့ပြီး လုပ်ငန်းဆောင်တာများ အောင်မြင်ပြီးမြောက်အောင် စွမ်းဆောင်နိုင်ကြပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်ရှင်။

ကျွန်မတို့ရဲ့ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်ဟာဆိုရင် အဖွဲ့ဝင်တွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ စုစည်းအင်အားတွေနဲ့အတူ ၂၀၀၈ ခုနှစ် မေလမှစတင်ခဲ့ပြီး တန်းတူညီမျှမှု၊ ခွဲခြားဆက်ဆံခြင်းမရှိမှု၊ အားလုံးပူးပေါင်းပါဝင်မှုဆိုတဲ့ စံတန်ဖိုးထားမှုများနှင့်အတူ လက်တွဲလုပ်ဆောင်ခဲ့သည်မှာ ၂၀၂၀ ခုနှစ်ဆိုရင် ၁၂ နှစ်တာကာလကို ရောက်ရှိလို့လာခဲ့ပါပြီရှင်။ ကျွန်မတို့အားလုံးရဲ့ မျှော်မှန်းချက်တွေကတော့ မြန်မာနိုင်ငံမှာရှိတဲ့ ကဏ္ဍတိုင်း၊ အလွှာတိုင်းမှာ ကျား၊ မ ရေးရာ တန်းတူညီမျှမှုရှိဖို့ လူ့အခွင့်အရေးကို လေးစားလိုက်နာအကာအကွယ်ပေးဖို့နဲ့ လူ့အခွင့်အရေးအပြည့်အဝရရှိဖို့ ဖြည့်ဆည်းဆောင်ရွက်ပေးတဲ့ လူ့အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်နိုင်ဖို့ဖြစ်ပါတယ်ရှင်။

ကွန်ရက်တစ်ခုတည်ထောင်ချိန်မှစတင်လို့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေနဲ့ များစွာကြုံခဲ့ရပါတယ်။ သို့သော်လည်းပဲ အားလုံးရဲ့ အင်အားများ စုစည်းမှုနှင့်အတူ ကျား၊ မ ရေးရာ တန်းတူညီမျှရေးအတွက် အဖွဲ့အစည်းဆိုင်ရာ ယန္တရားတွေ ဖြစ်ပေါ်လာစေဖို့၊ စွမ်းရည်ပြည့်ဝပြီး ယုံကြည်မှုမြင့်မားတဲ့ အဖွဲ့ဝင်တွေနဲ့ တက်ကြွတဲ့ ကွန်ရက်တစ်ခု ဖြစ်ပေါ်လာစေဖို့၊ ခေါင်းဆောင်မှုနဲ့ အများနှင့်ဆိုင်တဲ့ အရေးကိစ္စတွေမှာ အမျိုးသမီးတွေ အဓိပ္ပါယ်ပြည့်ဝစွာ ပိုမိုပါဝင်လာနိုင်စေဖို့၊ ကျား၊ မ အခြေပြု အကြမ်းဖက်မှုတွေ ပပျောက်သွားစေဖို့၊ အမျိုးသမီးတွေရဲ့ဘဝ ဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ ခေါင်းဆောင်မှုတွေအတွက် အဟန့်အတားတွေ ထိခိုက်နစ်နာမှုဖြစ်စေတဲ့ လူမှုဓလေ့ထုံးစံတွေနဲ့ ယဉ်ကျေးမှုဆိုင်ရာစံနှုန်းတွေကို ပပျောက်သွားစေဖို့ စတဲ့ကဏ္ဍများကို ဦးစားပေးဆောင်ရွက်နေပါတယ်ရှင်။

ယခုနှစ် ၂၀၂၀ အစဦးပိုင်းကာလမှာဆိုရင်ဖြင့် အဖွဲ့ဝင်တွေ မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်တဲ့ အမျိုးသမီးများအပေါ် နည်းမျိုးစုံမှ အကြမ်းဖက်မှုကို အကာအကွယ်ပေးနိုင်မဲ့ အများပြည်သူများ သိရှိပြီး ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် ဥပဒေမူကြမ်းတစ်ရပ်ဟာ ထွက်ပေါ်လို့လာခဲ့ပါပြီရှင်။ နောင်တွင်လည်း ၎င်းဥပဒေကို ပိုမိုကောင်းမွန်စွာနဲ့ အမှန်တကယ်အမျိုးသမီးထုတစ်ရပ်လုံးကို အကာအကွယ်ပေးနိုင်တဲ့ ဥပဒေအဖြစ် အောင်မြင်စွာ ဆောင်ရွက်နိုင်ဖို့အတွက် အားလုံးရဲ့ အင်အားများနဲ့ အတူတကွစုစည်းပြီး ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်ရှင်...

 

 

GEN’S HIGHLIGHTS

International Development Research Centre (IDRC) မှပံ့ပိုးပေးထားသည့် “မြန်မာနိုင်ငံတွင်း အမျိုးသမီးများ နိုင်ငံရေးတွင်ပါဝင်ရန် လမ်းကြောင်းများ နှင့် အတားအဆီးများ" သုတေသနအတွက် အရေအသွေးအခြေပြုသုသေတန အလုပ်ရုံဆွေးနွေးပွဲအား ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့နှင့် ဖေဖော်ဝါရီလ ၁ ရက်နေ့တို့တွင် Novotel Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲအား ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက် ညှိနှိုင်းရေးရုံးမှ ဝန်ထမ်းများ၊ သုတေသနတွင်ပါဝင်မည့် ကွန်ရက်အဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ Asian Institute of Technology, Gender and Development Studies မှ ပါမောက္ခများ တက်ရောက်ခဲ့ကြပြီး တက်ရောက်သူစုစုပေါင်း ၁၉ ဦး (မ ၁၅၊ ကျား ၄) ရှိခဲ့ပါသည်။ ဆွေးနွေးပွဲ၏ ရည်ရွယ်ချက်မှာ သုတေသနတွင် ပါဝင်မည့်သူများအား သုတေသနပြုလုပ်ရသည့်ရည်ရွယ်ချက်၊ သုတေသနဒီဇိုင်းနှင့်၊ အချက်အလက်များ ကောက်ယူ၊ သိမ်းဆည်း၊ ဖြန့်ဝေမည့်နည်းလမ်းများအား အကျွမ်းဝင်သိရှိစေရန်ဖြစ်ပါသည်။ (IDRC)

ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်မှ တာဝန်ရှိပုဂ္ဂိုလ်များသည် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ တွေ့ဆုံခဲ့ကြပါသည်။ ဝန်ကြီးချုပ်နှင့် ကျား၊ မ‌ ရေးရာ တန်းတူညီမျှရေးကွန်ရက်တို့သည် မကြာခင်ကျရောက်လာမည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပနိုင်ရေးနှင့် အနာဂတ်တွင် အစိုးရနှင့် အရပ်ဘက်အဖွဲ့အစည်းများအကြား အမျိုးသမီးစွမ်းဆောင်ရည်မြှင့်တင်သည့် လုပ်ဆောင်ချက်များကို အတူတကွ ပူးပေါင်းလုပ်ဆောင်နိုင်ရေးတို့ကို အဓိကထားဆွေးနွေးခဲ့ကြပါသည်။ 

 

မတ်လ ၈ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပရေးနှင့် Champion for Gender Equality ဆုပေးအပ်ခြင်းတို့အား သတင်းမီဒီယာများနှင့်အသိပေးမိတ်ဆက်ပွဲအား မတ်လ ၂၅ ရက်နေ့တွင် Sule Shangrila ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အသိပေးမိတ်ဆက်ပွဲတွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဖြစ်ပါ်လာပုံသမိုင်းကြောင်းကို လုပ်ငန်းအဖွဲ့ဝင် ဆရာမ စုစုငယ်မှ‌ ပြောကြားပေးခဲ့ပြီး အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ လုပ်ငန်းအဖွဲ့အကြောင်းနှင့် ယခင်နှစ်များတွင် ပြုလုပ်ခဲ့သည့်အခမ်းအနားများအကြောင်းကို လုပ်ငန်းအဖွဲ့ဝင် ဆရာမမ ရည်မွန်ဦးမှ ပြောကြားပေးခဲ့ပါသည်။ ဆက်လက်ပြီး ယခုနှစ်တွင်ပြုလုပ်မည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အစီအစဉ်များအကြောင်းကို လုပ်ငန်းအဖွဲ့ဝင် ဆရာမ မိုင်တီဆွီလျန်းမှလည်းကောင်း၊ Champion for Gender Equality ဆုပေးအပ်ခြင်းနှင့် ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များကို ဒေါက်တာစစ်နိုင်မှ ရှင်းလင်းပြောကြားပေးခဲ့ပါသည်။ (LIFT, Trocaire, Christian Aid, UNFPA, Ipas)

 

EU ၏ ထောက်ပံ့မှုဖြင့် DCA NCA နှင့် ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ယက်တို့ ပူးပေါင်းဆောင်ရွက်သော Empower Civil Society Organizations and Local Authorities Promoting Gender Equality in Myanmar စီမံကိန်း၏  “CSOs Learning Forum” ကို ၂၇၊ ၂၈ ရက်၊ ဖေဖော်ဝါရီလ၊ ၂၀၂၀ ခုနှစ်တွင် ညောင်ဦးမြို့ ၊ The Regency Hotel တွင် ကျင်းပခဲ့ပါသည်။ Forum တွင် မန္တလေး၊ မြစ်ကြီးနား၊ တောင်ကြီးနှင့် ဘားအံရှိ CSOs (၄၉) ဖွဲ့ စုစုပေါင်းလူဦးရေ (၁၁၄) ယောက် (မ ၇၅၊ ကျား ၃၅၊ အခြား ၄) တက်ရောက်ခဲ့ကြသည်။  Forum တွင် CSOs အဖွဲ့များ၏ ဆောင်ရွက်မှုလုပ်ငန်းအခြေအနေ၊ တွေ့ကြုံရသော အခက်အခဲများ၊ အောင်မြင်မှုများ ဆွေးနွေးခဲ့ကြပြီး ရှေ့ဆက်လုပ်မည့် လုပ်ငန်းစဉ်များကို ရေးဆွဲ့ခဲ့ကြသည်။ တက်ရောက်လာသူများမှ အဖွဲ့လိုက်ဆွေးနွေးခြင်းများ၊ အောင်မြင်မှုမှတ်တမ်းများ ပြသခြင်းနှင့် အသိပညာပေးဖျော်ဖြေမှုများ ပြုလုပ်ခဲ့ကြပါသည်။ (EU)

 

MEETINGS AND WORKSHOPS ATTENDED BY GEN’S REPRESENTATIVES

၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်၏ ဒါရိုက်တာဒေါ်မေစပယ်ဖြူသည် “She Leads Advanced Training” ဖွင့်ပွဲအခမ်းအနားတွင် အဖွင့်အမှာစကားပြောကြားခဲ့ကာ  မြန်မာနိုင်ငံတွင် အမျိုးသမီးခေါင်းဆောင်မှု လိုအပ်နေသည့်အပေါ် သူမ၏ ကိုယ်ပိုင်အတွေ့အကြုံများကို မျှဝေခဲ့ပြီး သင်တန်းသားများအား နိုင်ငံ၏ အနာဂတ်အတွက် ၎င်းတို့၏ တန်ဖိုးရှိသော ပါဝင်မှုများအား ထည့်သွင်းပေးရန် စိတ်ခွန်အား တက်ကြွဖွယ်စကားများကို ထည့်သွင်းပြောကြားခဲ့ပါသည်။

ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်၏ ဒါရိုက်တာဒေါ်မေစပယ်ဖြူသည် မန္တလေးရုံးခွဲတွင် အနာဂတ်အတွက် အစီအစဉ်နှင့် ယန္တရားရေးဆွဲရန်အတွက် IDRC နှင့် အစည်းအဝေးတစ်ခုပြုလုပ်ခဲ့ပါသည်။

ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်၏ ဒါရိုက်တာဒေါ်မေစပယ်ဖြူနှင့် ပဲ့ကိုင်ကော်မတီဝင်များဖြစ်ကြသော ဒေါ်ကျော့ကျော့ခိုင်နှင့် ဒေါ်နန်းဖြူဖြလင်းတို့သည် ရန်ကုန်မြို့ Best Western Green Hill Hotel တွင် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ AGIPP မှပြုလုပ်ခဲ့သော ၂၀၂၀ ခုနှစ်အတွက် ပထမဦးဆုံးသော သုံးလပတ် ပဲ့ကိုင်ကော်မတီအစည်အဝေးနှင့် အနာဂတ်တွင် ရှေ့ဆက်လုပ်ဆောင်မည့် အစည်းအဝေးကို တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးအား AGIPP၏ မဟာမိတ်အဖွဲ့အစည်း (၇) ခုနှင့် ရုံးအဖွဲ့ဝင်များတက်ရောက်ခဲ့ကြပြီး လက်ရှိလုပ်ဆောင်နေသည့် ဆောင်ရွက်ချက်များနှင့် အနာဂတ်တွင် ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များကို တင်ပြခဲ့ကြပါသည်။ 
 

ပဲ့ကိုင်ကော်မတီဝင် ဒေါ်ကျော့ကျော့ခိုင်နှင့်အတူ ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်၏ ဒါရိုက်တာဒေါ်မေစပယ်ဖြူသည် ငြိမ်းချမ်းရေးအတွက် ကျား၊မတန်းတူရေးမဟာမိတ်အဖွဲ့ (AGIPP)၏ ပံ့ပိုးမူဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီမှ အမျိုးသမီးများနှင့် ဒုတိယအကြိမ်မြောက် အလွတ်သဘော တွေ့ဆုံ ဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ Best Western Green Hill တွင် တက်ရောက်ခဲ့ပါသည်။ ယင်းအစည်းအဝေးသို့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲ ကော်မတီမှ အမျိုးသမီးကိုယ်စားလှယ်များနှင့်AGIPP၏ ပဲ့ကိုင်ကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး ရှေ့ဆက်လက်လုပ်ဆောင်မည့် အစီအစဉ်များကို အဓိက ထားဆွေးနွေးခဲ့ကြ ပါသည်။ စုစုပေါင်း ၂၆ ဦးတက်ရောက်ခဲ့ပြီး၊အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၂၄ ဦးတက်ရောက်ခဲ့သည်။

 

Myanmar-United States Friendship Association (MUSFA) ၏ ဖိတ်ကြားချက်အရ ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်၏ ဒါရိုက်တာဒေါ်မေစပယ်ဖြူသည် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် “Myanmar Beyond 2020: Change Makers Conference” အား တက်ရောက်ကာ “Social Issues and the role of Civil Society” ခေါင်းစဉ်ဖြင့် ဆွေးနွေးမှုတွင် ပါဝင်ဆွေးနွေးခဲ့ပါသည်။ အဆိုပါညီလာခံအား U.S Alumni များနှင့်အတူ MUSFA မှ စီစဉ်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၁၃ မှ ၁၄ ရက်နေ့အထိ ပြလုပ်ခဲ့ခြင်းဖြစ်ပါသည်။


ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်၏ ဒါရိုက်တာဒေါ်မေစပယ်ဖြူသည် ရန်ကုန်မြို့ရှိ MRTV Studio တွင် ရိုက်ကူးခဲ့သော “MRTV’s Current Affairs”တွင် ပါဝင်ခဲ့ပါသည်။ အစီအစဉ်တွင် ဆရာမ မေစပယ်ဖြူသည် ဘာ့ကြောင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ရေးဥပဒေမူကြမ်းသည် မြန်မာနိုင်ငံတွင် အမျိုးသမီးများ၏ လုံခြုံမှုနှင့် မတူညီသောကဏ္ဍများတွင် အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြှင့်တင်ရန်အတွက် ဘာ့ကြောင့်မရှိမဖြစ် ဥပဒေတစ်ခုဖြစ်ကြောင်းကို အလေးထားပြောကြားခဲ့ပါသည်။

 

၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်၏ ဒါရိုက်တာသည် ပြည်တွင်းအကြံပေး ‌ဒေါ်ပန်စီထွန်းသိန်း၊ ပဲ့ကိုင်ကော်မတီဝင် ‌ဒေါ်နန်းဖြူဖြူလင်းတို့နှင့်အတူ “Seminar on Strengthening Gender Equality in the Delivery of Myanmar Sustainable Development Plan (MSDP) ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။ ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်မှ ကိုယ်စားလှယ်များသည် လွှတ်တော်ကိုယ်စားလှယ်များ၏ လုပ်ငန်းများတွင် GEWE အား ပေါင်းစပ်ထည့်သွင်းရန်နှင့် အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် MSDP အကောင်အထည်ဖော်ရာတွင် မည်သို့အထောက်အပံ့ပြုနိုင်ကြောင်း ဆွေးနွေးရာတွင် ပါဝင်ခဲ့ပါသည်။ ယင်းဆွေးနွေးပွဲသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၃၀ ဦးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂၈ ဦးတက်ရောက်ခဲ့ပြီး နေပြည်တော်ရှိ Kimpaski hotel တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ ဆွေးနွေးပွဲအား MSDP အကောင်အထည်ဖော်ရာတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍကို ဆန်းစစ်ရန် လွှတ်တော်ကိုယ်စားလှယ်များအတွက် ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ စားပွဲဝိုင်းဆွေးနွေးပွဲများ၊ အဖွဲ့လိုက်ဆွေးနွေးမှုများသည် MSDP အကောင်အထည်ဖော်ရာတွင် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မည်သို့အထောက်အပံ့ပြုနိုင်ကြောင်း တိကျသော နေရာများကို ဆန်းစစ်ဖော်ထုတ်သော ရလဒ်ထွက်ရှိခဲ့ပါသည်။

 

၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်န့တွင် ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်၏ ဒါရိုက်တာဒေါ်မေစပယ်ဖြူသည် ငြိမ်းချမ်းရေးအတွက် ကျား၊မ တန်းတူရေးမဟာမိတ်အဖွဲ့၏ ဥက္ကဌတစ်ဦးအနေဖြင့် နေပြည်တော်၊ Kempinski ဟိုတယ်တွင် Inter-parliamentary Union မှ ဖေဖော်ဝါရီ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်များတွင် လွှတ်တော်၏ အခန်းကဏ္ဍဆွေးနွေးပွဲအား တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ဆရာမသည် အားလုံးပါဝင်မှုနှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် မည်သူတစ်ဦးတစ်ယောက်မှ မချန်ထားခဲ့ခြင်းသည် ဘာ့ကြောင့်အရေးကြီးသလဲခေါင်းစဉ်ဖြင့် ဆွေးနွေးမှုတွင် ပါဝင်ဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲသို့ စိတ်ဝင်စားသည့် နိုင်ငံတော်အဆင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

 

 

ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်၏ ဒါရိုက်တာ၊ အကြံပေးနှင့် ပူးတွဲသဘာပတိတို့သည် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် နေပြည်တော်၌ လူမှုဝန်ထမ်းဦးစီးဌာနမှ ပြုလုပ်ခဲ့သော PoVAW Law Consultation အစည်းအဝေးအား တက်ရောက်ခဲ့ပါသည်။ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးမှ အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဖွံ့ဖြိုးရေးအထောက်အကူပြုပုဂ္ဂိုလ်များ၊ INGO, NGO များမှ ကိုယ်စားပြုသူများ တက်ရောက်ခဲ့ကြပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ အထွေထွေညွှန်ကြားရေးမှုး ဒေါက်တာစန်းစန်းအေးမှ PoVAW တွင် ပါဝင်သည့်အရာများကို တင်ပြခဲ့ပြီး တက်ရောက်လာသူများမှ မေးခွန်းများမေးမြန်းခဲ့ကြပါသည်။

 

ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်၏ အကြံပေးသည် ၂၀၂၀ ဖေဖော်ဝါရီ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ ရန်ကုန်မြို့တွင် JICA မှ စီမံခန့်ခွဲရေးအသင်းအား Gender Mainstreaming သင်တန်းပေးခဲ့ပါသည်။

back

Share
Share
Share