68 views 2020-02-11

မင်္ဂလာပါ…

၂၀၁၉ခုနှစ်ဖေဖော်ဝါရီလအတွက် သတင်းလွှာရယူဖို့ အချိန်ကျရောက်လို့လာပါပြီ။ ဖေဖော်ဝါရီလထဲ မှာ အလုပ်ရုံဆွေးနွေးပွဲများနှင့် အစည်းအဝေးများစွာကို ပြုလုပ်ခဲ့ပြီး GEN ၏ ဝန်ထမ်းများအတွက် Capacity Building Workshop ကိုလည်း လအကုန်မှာ ပြုလုပ်ခဲ့ပါတယ်။ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကလည်း နီးကပ်လာပြီဖြစ်တဲ့အတွက် အားလုံးက စောင့်မျှော်နေကြပါတယ်။

ယခုလလစဉ်သတင်းလွှာမှာတော့ ကျား၊ မ ရေးရာ တန်းတူညီမ ျှရေး စကားလက်ဆောင်ကို မျှဝေထားပါတယ်။ နောက်လများမှာလည်း GEN အဖွဲ့ဝင်များ၊ ပဲ့ကိုင်ကော်မတီဝင်များနှင့် CU ဝန်ထမ်းများမှ မိမိတို့၏ GEN နှင့် ပတ်သက်သော အတွေ့အကြုံ စကားလက်ဆောင်များ ပါဝင်မျှဝေပေးပါရန် ဖိတ်ခေါ်အပ်ပါတယ်။

 

 မင်္ဂလာပါ…

ယခုလအတွက် နှုတ်ခွန်းဆက်စကားရေးသားပေးရတဲ့အတွက် အင်မတန်မှ ဝမ်းမြောက်မိပါတယ်။

ကျွန်မကတော့ GEN ၏ ပဲ့ကိုင်ကော်မတီအဖြစ် အသစ်ရွေးချယ်ခံထားရတဲ့ ရည်မွန်ဦးဖြစ်ပါတယ်။ ကျွန်မကတော့ မြန်မာနိုင်ငံရှိ Oxfam နှင့်အတူ အလုပ်လုပ်ပြီး မညီမျှမှု၊ တရားမမျှတမှုနှင့် ဆင်းရဲမွဲတေမှုတွေကို ကျွန်မတတ်ကျွမ်းတဲ့ ဆက်သွယ်ရေး၊ ကမ်ပိန်းနှင့် စည်းရုံးလှုံ့ဆော်မှုတွေကို အသုံးပြုပြီး တွန်းလှန်နေပါတယ်။

ကျွန်မအနေနဲ့ ပိုမိုကောင်းမွန်တဲ့လူ့အဖွဲ့အစည်းတစ်ခုတည်ထောင်ဖို့အတွက် စုပေါင်းလုပ်ဆောင်မှု၏ အင်အားကို ယုံကြည်ပါတယ်။ မြန်မာနိုင်ငံမှာ ကျား၊ မ တန်းတူညီမ ျှရေးရရှိဖို့ ကြိုးစားဆောင်ရွက်ရာမှာ GEN ဟာ စိတ်သဘောထားတူညီတဲ့သူတွေနဲ့ အဖွဲ့အစည်းတွေကို ပေါင်းစီးစုစည်းပေးထားတဲ့ ကွန်ရက်တစ်ခုဖြစ်တယ်လို့လည်း ကျွန်မယုံကြည်ထားပါတယ်။ ဒီလိုကွန်ရက်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ရခြင်းအတွက် ဝမ်းမြောက်မိပြီး ကွန်ရက်အတွက် ကျွန်မတတ်နိုင်သလောက်ပံ့ပိုးပေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံမှာ ကျား၊ မ တန်းတူညီမျှရေးအတွက် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

ပိုမိုကောင်းမွန်ပြီး သာတူညီမျှဖြစ်တဲ့ မြန်မာနိုင်ငံဖြစ်ရန် အတူကြိုးစားလုပ်ဆောင်ကြရအောင်။

 

GEN’S HIGHLIGHTS

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ကျင်းပရေး လုပ်ငန်းအဖွဲ့ အစည်းအဝေးအား ဇန်နဝါရီလ ၃၀ ရက်နေ့ (ဗုဒ္ဓဟူးနေ့) နေ့လည် ၂း၃၀ နာရီမှ ၄း၃၀ အထိ ကျား၊မ ရေးရာ တန်းတူညီမျှရေးကွန်ရက်၏ Resource Center တွင်ကျင်းပခဲ့ပြီး လုပ်ငန်းအဖွဲ့ဝင်များ၏ လုပ်ဆောင်ချက်များနှင့် ဆက်လက် ပူးပေါင်းလုပ်ဆောင်မည့် လုပ်ငန်းစဉ်များ၊ သတင်းအချက်အလက်များအား တင်ပြဆွေးနွေးခဲ့ကြပါသည်။

 

မြန်မာနိုင်ငံတွင်း ကျား၊မ ရေးရာ တန်းတူညီမျှမှုရှိရန်အတွက် အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ဒေသဆိုင်ရာ အာဏာပိုင်များ ပူးပေါင်းဆောင်ရွက်နိုင်ရေးစီမံကိန်း၏ လုပ်ဆောင်ချက် တစ်ခုအဖြစ် အမျိုးသမီများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (NSPAW) နှင့် ကျား၊ မ ရေးရာ မူဝါဒများထွက်ပေါ်လာရေးအတွက် အဓိကကျသော ကိရိယာများ ဆင့်ပွားသင်တန်းကို ကျား၊ မ ရေးရာတန်းတူညီမျှရေးကွန်ရက် (GEN) နှင့် Justice Movement For Community တို့ပူးပေါင်းပြီး ရှမ်းပြည်နယ်၊ဘုရားငါးဆုကျေးရွာ၊ ဘုရားငါးဆူကလေး သူငယ်ပြုစုရေးဌာန၊ လင်းကင်းကျေးရွာအုပ်စု၊အင်းလေးမြို့တွင် ၂၈.၁.၂၀၁၉ မှ ၂၉.၁.၂၀၁၉ အထိ နှစ်ရက်တာ သင်တန်းပြုလုပ်ခဲ့ပါသည်။ အဆိုပါသင်တန်းသို့ ကရင်ပြည်နယ် အတွင်းရှိ CSO အဖွဲ့ ၁၂ ဖွဲ့မှ ကျား ရ ဦး၊ မ ၃၄ ဦး စုစုပေါင်း ၄၁ ဦး တက်ရောက်ခဲ့ပါသည်။

 

မြန်မာနိုင်ငံတွင်း ကျား၊မ ရေးရာ တန်းတူညီမျှမှုရှိရန်အတွက် အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ဒေသဆိုင်ရာ အာဏာပိုင်များ ပူးပေါင်းဆောင်ရွက်နိုင်ရေးစီမံကိန်း၏ လုပ်ဆောင်ချက် တစ်ခုအဖြစ် အမျိုးသမီများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (NSPAW) နှင့် ကျား၊ မ ရေးရာ မူဝါဒများထွက်ပေါ်လာရေးအတွက် အဓိကကျသော ကိရိယာများ ဆင့်ပွားသင်တန်းကို ကျား၊ မ ရေးရာတန်းတူညီမျှရေးကွန်ရက် GEN နှင့် KSWN တို့ပူးပေါင်းပြီး ကချင်ပြည်နယ်၊ဝိုင်းမော်မြို့ရှိ မြသီတာ ခန်းမတွင် ၃၁.၁.၂၀၁၉ မှ ၁.၁.၂၀၁၉ အထိ နှစ်ရက်တာ သင်တန်းပြုလုပ်ခဲ့ပါသည်။ အဆိုပါသင်တန်းသို့ ကချင်ပြည်နယ် အတွင်းရှိ CSO အဖွဲ့ ၃ ဖွဲ့မှ ကျား ၁၀ ဦး၊ မ ၁၉ ဦး စုစုပေါင်း ၂၉ ဦး တက်ရောက်ခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ကျင်းပရေး လုပ်ငန်းအဖွဲ့ အစည်းအဝေးအား(ဒုတိယအကြိမ်) အား ဖေဖော်ဝါရီလ ၆ ရက်နေ့ (အင်္ဂါနေ့) နေ့လည် ၂း၃၀ နာရီမှ ၄း၃၀ အထိ ကျား၊မ ရေးရာ တန်းတူညီမျှရေးကွန်ရက်၏ Resource Center တွင်ကျင်းပခဲ့ပြီး လုပ်ငန်းအဖွဲ့ဝင်များ၏ လုပ်ဆောင်ချက်များနှင့် ဆက်လက် ပူးပေါင်းလုပ်ဆောင်မည့် လုပ်ငန်းစဉ်များ၊ သတင်းအချက်အလက်များအား တင်ပြဆွေးနွေးခဲ့ကြပါသည်။

 

ကျား၊ မ ရေးရာ တန်းတူညီမျှရေး ကွန်ရက် မှ မြန်မာနိုင်ငံတွင်း ကျား၊မ ရေးရာ တန်းတူညီမျှမှုရှိရန်အတွက် အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ဒေသဆိုင်ရာ အာဏာပိုင်များ ပူးပေါင်းဆောင်ရွက်နိုင်ရေးစီမံကိန်း ၏ လုပ်ဆောင်ချက် တစ်ခုအဖြစ် Political Economy Analysis (PEA) အလုပ်ရုံဆွေးနွေးပွဲကို အမှတ်.၄၃၈ ပြည်ထောင်စုလမ်း၊မြစ်ကြီးနားမြို့၊ မြေမြင့် ရပ်ကွက် ရှိ Wun Tawp ဟိုတယ်တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါ Political Economy Analysis အလုပ်ရုံဆွေးနွေးပွဲကို ဆရာမဒေါ်ခင်မမမျိုးမှ ဦးဆောင်ပြီး စီမံကိန်း၏ မိတ်ဖက်အဖွဲ့အစည်းများမှ ဝန်ထမ်းများနှင့်အတူ ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါသင်တန်းသို့ သင်တန်းသူ၊ သင်တန်းသား စုစုပေါင်း (၃၉) ဦး ကျား (၁၃) ဦး၊ မ (၂၅) ဦး၊အခြား (၁) ဦး တက်ရောက်ခဲ့ကြပါသည်။

 

မြန်မာနိုင်ငံတွင်း ကျား၊မ ရေးရာ တန်းတူညီမျှမှုရှိရန်အတွက် အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ဒေသဆိုင်ရာ အာဏာပိုင်များ ပူးပေါင်းဆောင်ရွက်နိုင်ရေးစီမံကိန်း၏ လုပ်ဆောင်ချက် တစ်ခုအဖြစ် အမျိုးသမီများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (NSPAW) နှင့် ကျား၊ မ ရေးရာ မူဝါဒများထွက်ပေါ်လာရေးအတွက် အဓိကကျသော ကိရိယာများ ဆင့်ပွားသင်တန်းကို ကျား၊ မ ရေးရာတန်းတူညီမျှရေးကွန်ရက်(GEN) နှင့် အမျိုးသမီးနှင့် ငြိမ်းချမ်းရေး လှုပ်ရှားမှု အဖွဲ့ တို့မှ ရှမ်းပြည်နယ်၊အောင်ပန်းမြို့ နေနှင့်မြ ခန်းမ တွင် ၅.၂.၂၀၁၉ မှ ၆.၂.၂၀၁၉ အထိ နှစ်ရက်တာ သင်တန်းပြုလုပ်ခဲ့ပါသည်။ အဆိုပါသင်တန်းသို့ ရှမ်းပြည်နယ် အတွင်းရှိCSO အဖွဲ့ ၅ ဖွဲ့၊ အမျိုးသမီးရေးရာ၊ မိခင်နှင့် ကလေးအဖွဲ့များမှ ကျား ရ ဦး၊ မ ၃၄ ဦး စုစုပေါင်း လူဦးရေ ၄၁ ဦး တက်ရောက်ခဲ့ပါသည်။

 

မြန်မာနိုင်ငံတွင်း ကျား၊မ ရေးရာ တန်းတူညီမျှမှုရှိရန်အတွက် အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ဒေသဆိုင်ရာ အာဏာပိုင်များ ပူးပေါင်းဆောင်ရွက်နိုင်ရေးစီမံကိန်း၏ လုပ်ဆောင်ချက် တစ်ခုအဖြစ် အမျိုးသမီများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (NSPAW) နှင့် ကျား၊ မ ရေးရာ မူဝါဒများထွက်ပေါ်လာရေးအတွက် အဓိကကျသော ကိရိယာများ ဆင့်ပွားသင်တန်းကို ကျား၊ မ ရေးရာတန်းတူညီမျှရေးကွန်ရက်(GEN) နှင့် TRY organization တို့မှ မန္တလေးမြို့ရှိ ရတနာသိင်္ဂီဟိုတယ် တွင် ၁၅.၁.၂၀၁၉ မှ ၁၆.၁.၂၀၁၉ အထိ နှစ်ရက်တာ သင်တန်းပြုလုပ်ခဲ့ပါသည်။ အဆိုပါသင်တန်းသို့ မန္တလေးတိုင်း အတွင်းရှိCSO အဖွဲ့ ၈ ဖွဲ့ မှ ကျား ၆ ဦး၊ မ ၁၉ ဦး၊ အခြား ၃ ဦး စုစုပေါင်း လူဦးရေ ၂၈ ဦး တက်ရောက်ခဲ့ပါသည်။

 

မြန်မာနိုင်ငံတွင်း ကျား၊မ ရေးရာ တန်းတူညီမျှမှုရှိရန်အတွက် အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ဒေသဆိုင်ရာ အာဏာပိုင်များ ပူးပေါင်းဆောင်ရွက်နိုင်ရေးစီမံကိန်း၏ လုပ်ဆောင်ချက် တစ်ခုအဖြစ် အမျိုးသမီများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (NSPAW) နှင့် ကျား၊ မ ရေးရာ မူဝါဒများထွက်ပေါ်လာရေးအတွက် အဓိကကျသော ကိရိယာများ ဆင့်ပွားသင်တန်းကို ကျား၊ မ ရေးရာတန်းတူညီမျှရေးကွန်ရက်(GEN) နှင့် Amara Aung Organization တို့မှ မန္တလေးမြို့ရှိ ရတနာသိင်္ဂီဟိုတယ် တွင် ၂၂.၁.၂၀၁၉ မှ ၂၃.၁.၂၀၁၉ အထိ နှစ်ရက်တာ သင်တန်းပြုလုပ်ခဲ့ပါသည်။ အဆိုပါသင်တန်းသို့ မန္တလေးတိုင်း အတွင်းရှိCSO အဖွဲ့ ၁၂ ဖွဲ့ မှ ကျား ၂ ဦး၊ မ ၂၃ ဦး စုစုပေါင်း လူဦးရေ ၂၅ ဦး တက်ရောက်ခဲ့ပါသည်။

ကျား၊ မ ရေးရာ တန်းတူညီမျှရေး ကွန်ရက် မှ မြန်မာနိုင်ငံတွင်း ကျား၊မ ရေးရာ တန်းတူညီမျှမှုရှိရန်အတွက် အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ဒေသဆိုင်ရာ အာဏာပိုင်များ ပူးပေါင်းဆောင်ရွက်နိုင်ရေးစီမံကိန်း ၏ လုပ်ဆောင်ချက် တစ်ခုအဖြစ် Political Economy Analysis (PEA) အလုပ်ရုံဆွေးနွေးပွဲကို မန္တလေးမြို့ရှိ ရတနာသိင်္ဂီ ဟိုတယ်တွင် ဇန်နဝါရီ ၂၈ ရက်နေ့နှင့် ၂၉ ရက် နှစ်ရက်တာ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ Political Economy Analysis အလုပ်ရုံဆွေးနွေးပွဲကို ဆရာမ ဒေါ်ခင်မမမျိုးမှ ဦးဆောင်ပြီး စီမံကိန်း၏ မိတ်ဖက်အဖွဲ့အစည်းများမှ ဝန်ထမ်းများနှင့်အတူ ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါသင်တန်းသို့ သင်တန်းသူ၊ သင်တန်းသား စုစုပေါင်း (၂၄ ဦး ကျား (၁၈) ဦး၊ မ (၃) ဦး၊အခြား (၃) ဦး တက်ရောက်ခဲ့ကြပါသည်။

 

မြန်မာနိုင်ငံတွင်း ကျား၊မ ရေးရာ တန်းတူညီမျှမှုရှိရန်အတွက် အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ဒေသဆိုင်ရာ အာဏာပိုင်များ ပူးပေါင်းဆောင်ရွက်နိုင်ရေးစီမံကိန်း၏ လုပ်ဆောင်ချက် တစ်ခုအဖြစ် အမျိုးသမီများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (NSPAW) နှင့် ကျား၊ မ ရေးရာ မူဝါဒများထွက်ပေါ်လာရေးအတွက် အဓိကကျသော ကိရိယာများ ဆင့်ပွားသင်တန်းကို ကျား၊ မ ရေးရာတန်းတူညီမျှရေးကွန်ရက်(GEN) နှင့် Spectrum Organization တို့မှ မန္တလေးမြို့ရှိ ရတနာသိင်္ဂီဟိုတယ် တွင် ၂.၂.၂၀၁၉ မှ ၃.၂.၂၀၁၉ အထိ နှစ်ရက်တာ သင်တန်းပြုလုပ်ခဲ့ပါသည်။ အဆိုပါသင်တန်းသို့ မန္တလေးတိုင်း အတွင်းရှိCSO အဖွဲ့ ၁၆ ဖွဲ့ မှ ကျား ၁၀ ဦး၊ မ ၂၂ ဦး စုစုပေါင်း လူဦးရေ ၃၂ ဦး တက်ရောက်ခဲ့ပါသည်။

ကျား၊ မ ရေးရာ တန်းတူညီမျှရေး ကွန်ရက် မှ မြန်မာနိုင်ငံတွင်း ကျား၊မ ရေးရာ တန်းတူညီမျှမှုရှိရန်အတွက် အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ဒေသဆိုင်ရာ အာဏာပိုင်များ ပူးပေါင်းဆောင်ရွက်နိုင်ရေးစီမံကိန်း ၏ လုပ်ဆောင်ချက် တစ်ခုအဖြစ် Social Accountability Gevoernance (SAG) အလုပ်ရုံဆွေးနွေးပွဲကို မန္တလေးမြို့ရှိ ဟိုတယ် မန္တလေးတွင် ဖေဖော်ဝါရီလ ၆ ရက်နေ့၊ ရ ရက် နှင့် ၈ ရက်နေ့များတွင် သုံးရက်တာ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ Social Accountability Governance အလုပ်ရုံဆွေးနွေးပွဲကို ကျား၊မ ရေးရာ တန်းတူညီမျှရေးကွန်ရက်မှ ဦးဆောင်ပြီး စီမံကိန်း၏ မိတ်ဖက်အဖွဲ့အစည်း DCA/NCA မှဝန်ထမ်းများ၊ ဒေသဆိုင်ရာ အာဏာပိုင်များနှင့် အတူဆွေးနွေးခဲ့ကြပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ လူဦးရေ စုစုပေါင်း (၄၁ ဦး၊ ကျား (၂၅) ဦး၊ မ (၁၃) ဦး၊အခြား (၃) ဦး တက်ရောက်ခဲ့ကြပါသည်။

ကျား၊ မ ရေးရာ တန်းတူညီမျှရေး ကွန်ရက် မှ မြန်မာနိုင်ငံတွင်း ကျား၊မ ရေးရာ တန်းတူညီမျှမှုရှိရန်အတွက် အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ဒေသဆိုင်ရာ အာဏာပိုင်များ ပူးပေါင်းဆောင်ရွက်နိုင်ရေးစီမံကိန်း ၏ လုပ်ဆောင်ချက် တစ်ခုအဖြစ် Political Economy Analysis (PEA) အလုပ်ရုံဆွေးနွေးပွဲကို ဘားအံမြို့ရှိ Perfect ဟိုတယ်တွင် ဖေဖော်ဝါရီလ ရ ရက်နေ့နှင့် ၈ ရက် နှစ်ရက်တာ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ Political Economy Analysis အလုပ်ရုံဆွေးနွေးပွဲကို ဆရာမ ဒေါ်ခင်မမမျိုးမှ ဦးဆောင်ပြီး စီမံကိန်း၏ မိတ်ဖက်အဖွဲ့အစည်းများမှ ဝန်ထမ်းများနှင့်အတူ ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါသင်တန်းသို့ သင်တန်းသူ၊ သင်တန်းသား စုစုပေါင်း (၃၈)ဦး ကျား (၁၂) ဦး၊ မ (၂၆) ဦး၊ ဦး တက်ရောက်ခဲ့ကြပါသည်။

 

မြန်မာနိုင်ငံတွင်း ကျား၊မ ရေးရာ တန်းတူညီမျှမှုရှိရန်အတွက် အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ဒေသဆိုင်ရာ အာဏာပိုင်များ ပူးပေါင်းဆောင်ရွက်နိုင်ရေးစီမံကိန်း၏ လုပ်ဆောင်ချက် တစ်ခုအဖြစ် အမျိုးသမီများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (NSPAW) နှင့် ကျား၊ မ ရေးရာ မူဝါဒများထွက်ပေါ်လာရေးအတွက် အဓိကကျသော ကိရိယာများ ဆင့်ပွားသင်တန်းကို ကျား၊ မ ရေးရာတန်းတူညီမျှရေးကွန်ရက်(GEN) နှင့် WIG တို့မှ ဘားအံမြို့ ရှိ ပအို့ စာပေနှင့် ယဉ်ကျေးမှုဌာန ရုံးခန်း တွင် ၅.၂.၂၀၁၉ မှ ၆.၂.၂၀၁၉ အထိ နှစ်ရက်တာ သင်တန်းပြုလုပ်ခဲ့ပါသည်။ အဆိုပါသင်တန်းသို့ ကရင်ပြည်နယ် အတွင်းရှိCSO အဖွဲ့ ၂၂ ဖွဲ့ မှ ကျား ၁၀ ဦး၊ မ ၃၃ ဦး၊ အခြား ၁ ဦး စုစုပေါင်း လူဦးရေ ၄၄ ဦး တက်ရောက်ခဲ့ပါသည်။

 

ကျား၊ မ ရေးရာ တန်းတူညီမျှရေး ကွန်ရက် မှ မြန်မာနိုင်ငံတွင်း ကျား၊မ ရေးရာ တန်းတူညီမျှမှုရှိရန်အတွက် အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ဒေသဆိုင်ရာ အာဏာပိုင်များ ပူးပေါင်းဆောင်ရွက်နိုင်ရေးစီမံကိန်း ၏ လုပ်ဆောင်ချက် တစ်ခုအဖြစ် Political Economy Analysis (PEA) အလုပ်ရုံဆွေးနွေးပွဲကို တောင်ကြီးမြို့ရှိ Cherry Queen ဟိုတယ်တွင် ဖေဖော်ဝါရီလ ၁၃ ရက်နေ့နှင့် ၁၄ ရက် နှစ်ရက်တာ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ Political Economy Analysis အလုပ်ရုံဆွေးနွေးပွဲကို ဆရာမ ဒေါ်ခင်မမမျိုးမှ ဦးဆောင်ပြီး စီမံကိန်း၏ မိတ်ဖက်အဖွဲ့အစည်းများမှ ဝန်ထမ်းများနှင့်အတူ ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါသင်တန်းသို့ သင်တန်းသူ၊ သင်တန်းသား စုစုပေါင်း (၃၆)ဦး ကျား (၉) ဦး၊ မ (၂၆) ဦး၊ အခြား ၁ ဦး တက်ရောက်ခဲ့ကြပါသည်။

မြန်မာနိုင်ငံတွင်း ကျား၊မ ရေးရာ တန်းတူညီမျှမှုရှိရန်အတွက် အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ဒေသဆိုင်ရာ အာဏာပိုင်များ ပူးပေါင်းဆောင်ရွက်နိုင်ရေးစီမံကိန်း၏ လုပ်ဆောင်ချက် တစ်ခုအဖြစ် အမျိုးသမီများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (NSPAW) နှင့် ကျား၊ မ ရေးရာ မူဝါဒများထွက်ပေါ်လာရေးအတွက် အဓိကကျသော ကိရိယာများ ဆင့်ပွားသင်တန်းကို ကျား၊ မ ရေးရာတန်းတူညီမျှရေးကွန်ရက်(GEN) WIG နှင့် F&J တို့မှ သံတောင်ကြီးမြို့ရှိ YFC ခန်းမ တွင် ၁၄.၂.၂၀၁၉ မှ ၁၅.၂.၂၀၁၉ အထိ နှစ်ရက်တာ သင်တန်းပြုလုပ်ခဲ့ပါသည်။ အဆိုပါသင်တန်းသို့ ကရင်ပြည်နယ် အတွင်းရှိCSO အဖွဲ့ ၅ ဖွဲ့ မှ ကျား ၈ ဦး၊ မ ၃၆ ဦး စုစုပေါင်း လူဦးရေ ၄၄ ဦး တက်ရောက်ခဲ့ပါသည်။

 

ကျား၊ မ ရေးရာ တန်းတူညီမျှရေး ကွန်ရက်အား တက်ကြွစွာ ပံ့ပိုးပေးနေသူများနှင့် အစည်းအဝေးတစ်ခုအား ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် GEN ရုံး၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် GEN ၏ ဆယ်နှစ်ကြာ တိုးတက်မှုကို ပြသသည့် Presentation အား တက်ရောက်လာသူများအား ရှင်းလင်းတင်ပြခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ကျင်းပရေး လုပ်ငန်းအဖွဲ့ အစည်းအဝေးအား(တတိယအကြိမ်) အား ဖေဖော်ဝါရီလ ၂၅ ရက်နေ့ (တနင်္ဂလာနေ့) နေ့လည် ၂း၃၀ နာရီမှ ၄း၃၀ အထိ ကျား၊မ ရေးရာ တန်းတူညီမျှရေးကွန်ရက်၏ Resource Center တွင်ကျင်းပခဲ့ပြီး လုပ်ငန်းအဖွဲ့ဝင်များ၏ လုပ်ဆောင်ချက်များနှင့် ဆက်လက် ပူးပေါင်းလုပ်ဆောင်မည့် လုပ်ငန်းစဉ်များ၊ သတင်းအချက်အလက်များအား တင်ပြဆွေးနွေးခဲ့ကြပါသည်။

 

မြန်မာနိုင်ငံတွင်း ကျား၊မ ရေးရာ တန်းတူညီမျှမှုရှိရန်အတွက် အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ဒေသဆိုင်ရာ အာဏာပိုင်များ ပူးပေါင်းဆောင်ရွက်နိုင်ရေးစီမံကိန်း၏ လုပ်ဆောင်ချက် တစ်ခုအဖြစ် အမျိုးသမီများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (NSPAW) နှင့် ကျား၊ မ ရေးရာ မူဝါဒများထွက်ပေါ်လာရေးအတွက် အဓိကကျသော ကိရိယာများ ဆင့်ပွားသင်တန်းကို ကျား၊ မ ရေးရာတန်းတူညီမျှရေးကွန်ရက်(GEN) နှင့် Kachin Women Union (KWU) တို့မှ ပူးပေါင်းကာ ကချင်ပြည်နယ်၊ ဖားကန့်မြို့ Baptist Church တွင် ၁၈.၂.၂၀၁၉ မှ ၁၉.၂.၂၀၁၉ အထိ နှစ်ရက်တာ သင်တန်းပြုလုပ်ခဲ့ပါသည်။ အဆိုပါသင်တန်းသို့ ကချင်ပြည်နယ် အတွင်းရှိ CSO အဖွဲ့ ၁၀ ဖွဲ့ မှ ကျား ၃ ဦး၊ မ ၂၉ ဦး စုစုပေါင်း လူဦးရေ ၃၃ ဦး တက်ရောက်ခဲ့ပါသည်။

 

မြန်မာနိုင်ငံတွင်း ကျား၊မ ရေးရာ တန်းတူညီမျှမှုရှိရန်အတွက် အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ဒေသဆိုင်ရာ အာဏာပိုင်များပူးပေါင်းဆောင်ရွက်နိုင်ရေးစီမံကိန်း၏ လုပ်ဆောင်ချက် တစ်ခုအဖြစ် အမျိုးသမီများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (NSPAW) နှင့် ကျား၊ မ ရေးရာ မူဝါဒများထွက်ပေါ်လာရေးအတွက် အဓိကကျသော ကိရိယာများ ဆင့်ပွားသင်တန်းကို ကျား၊ မ ရေးရာတန်းတူညီမျှရေးကွန်ရက်(GEN) နှင့် ရှမ်းတောင် အမျိုးသမီးများ ကွန်ရက် တို့မှ ပူးပေါင်းကာ ဟုတ်ကြန့်ခန်းမ ၊၀န်ကြီးလမ်း ၊ ရေအေးကွင်းရပ်ကွက်၊ တောင်ကြီးမြိို့ တွင် ၂၁.၂.၂၀၁၉ မှ ၂၂.၂.၂၀၁၉ အထိ နှစ်ရက်တာ သင်တန်းပြုလုပ်ခဲ့ပါသည်။ အဆိုပါသင်တန်းသို့ ရှမ်းပြည်နယ် အတွင်းရှိ အစိုးရဌာနများ နှင့် ၊ CSO အဖွဲ့ ရ ဖွဲ့ တို့မှ တာဝန်ရှိသူများ ကျား ၁၃ ဦး၊ မ ၂၆ ဦး စုစုပေါင်း လူဦးရေ ၃၉ ဦး တက်ရောက်ခဲ့ပါသည်။

 

မြန်မာနိုင်ငံတွင်း ကျား၊မ ရေးရာ တန်းတူညီမျှမှုရှိရန်အတွက် အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ဒေသဆိုင်ရာ အာဏာပိုင်များ ပူးပေါင်းဆောင်ရွက်နိုင်ရေးစီမံကိန်း၏ လုပ်ဆောင်ချက် တစ်ခုအဖြစ် အမျိုးသမီများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (NSPAW) နှင့် ကျား၊ မ ရေးရာ မူဝါဒများထွက်ပေါ်လာရေးအတွက် အဓိကကျသော ကိရိယာများ ဆင့်ပွားသင်တန်းကို ကျား၊ မ ရေးရာတန်းတူညီမျှရေးကွန်ရက်(GEN) နှင့် Justice Movement for Community (JMC) တို့မှ ပူးပေါင်းကာ ဘုရားငါးဆူ၊ ECCD စင်တာ၊ ဘုရားငါးဆူရွာ အင်းလေးမြို့တွင် ၁၇.၂.၂၀၁၉ မှ ၁၈.၂.၂၀၁၉ အထိ နှစ်ရက်တာ သင်တန်းပြုလုပ်ခဲ့ပါသည်။ အဆိုပါသင်တန်းသို့ ရှမ်းပြည်နယ် အတွင်းရှိ ကျေးရွာများ မှ အုပ်ချုပ်ရေး ခေါင်းဆောင်များ နှင့် ဒေသခံ ကျား ၂၈ ဦး၊ မ ၁၁ ဦး စုစုပေါင်း လူဦးရေ ၃၉ ဦး တက်ရောက်ခဲ့ပါသည်။

မြန်မာနိုင်ငံတွင်း ကျား၊မ ရေးရာ တန်းတူညီမျှမှုရှိရန်အတွက် အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ဒေသဆိုင်ရာ အာဏာပိုင်များ ပူးပေါင်းဆောင်ရွက်နိုင်ရေးစီမံကိန်း၏ လုပ်ဆောင်ချက် တစ်ခုအဖြစ် အမျိုးသမီများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (NSPAW) နှင့် ကျား၊ မ ရေးရာ မူဝါဒများထွက်ပေါ်လာရေးအတွက် အဓိကကျသော ကိရိယာများ ဆင့်ပွားသင်တန်းကို ကျား၊ မ ရေးရာတန်းတူညီမျှရေးကွန်ရက်(GEN)၊ Free and Justice နှင့် WIG တို့ပူးပေါင်းပြီး ကရင်ပြည်နယ်၊ဘားအံမြို့ရှိ Hotel Perfect တွင် ၂၁.၂.၂၀၁၉ မှ ၂၂.၂.၂၀၁၉ အထိ နှစ်ရက်တာ သင်တန်းပြုလုပ်ခဲ့ပါသည်။ အဆိုပါသင်တန်းသို့ ကရင်ပြည်နယ် အတွင်းရှိ CSO အဖွဲ့ ၂ ဖွဲ့မှ ကျား ၁၂ ဦး၊ မ ၂၈ ဦး စုစုပေါင်း ၄၀ ဦး တက်ရောက်ခဲ့ပါသည်။

 

MEETINGS AND WORKSHOPS ATTENDED BY GEN’S REPRESENTATIVES

ဖေဖော်ဝါရီ ၅၊ ၂၀၁၉ - GEN ၏ Head of Policy Advocacy Unite ဒေါက်တာနှင်းရွှေဇင်လှိုင်သည် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအစည်းအဝေးအဝေးအား နေပြည်တော်တွင် တက်ရောက်ခဲ့ပါသည်။

ဖေဖော်ဝါရီ ၅ - ရ၊ ၂၀၁၉ - GEN ၏ ညွှန်ကြားရေးမှုးသည် ဘန်ကောက်မြို့တွင် ပြုလုပ်ခဲ့သည့် "How Can Efforts to Tackle Poverty and Leave No One Behind be more Sensitive and Responsive to Religious Inequalities" အမည်ရ ကျွမ်းကျင်သူများဆွေးနွေးညှိုနှိုင်းပွဲသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးအား Grand Al-Azhar University နှင့်ပေါင်းစည်းထားသည့် The Coalition for Religious Inequality and Inclusive Development (CREID), the al Khoei Foundation, Christian Solidarity Worldwide, Minority Rights Group, and the World Organization for Al-Azhar Graduates (WOAG) တို့ကိုယ်စား Institute of Development Studies မှ Institute of Development Studies (UK) နှင့်အတူ  ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။ GEN ၏ ညွှန်ကြားရေးမှုးသည် “Challenges to religious pluralism in Myanmar: First hand experiences" အမည်ရ စကားဝိုင်းဆွေးနွေးပွဲတွင် ပါဝင်ခဲ့ပြီး “Women’s movements and recognition of minority women’s rights: opportunities and challenges” ခေါင်းစဉ်ရ ဆွေးနွေးပွဲတွင်လည်း မျှဝေဆွေးနွေးခဲ့ပါသည််။

ဖေဖော်ဝါရီ ၇၊ ၂၀၁၉ - GEN ၏ ပူးတွဲသဘာပတိ ဒေါ်နွယ်ဇင်ဝင်း၊ Head of Policy Advocacy၊ အကြံပေးနှင့် National Consultant နှစ်ဦးတို့သည် ဒေါက်တာဒေါ်စန်းစန်းအေးနှင့် တွေ့ဆုံကာ ၂၀၁၉  ခုနှစ်အတွက် GEN အနေဖြင့် လုပ်ဆောင်မည့် လုပ်ငန်းအစီအစဉ်အား တင်ပြခဲ့ပါသည်။ အစည်းအဝေးတွင် ၂၀၁၉  ခုနှစ်တွင် GEN အနေဖြင့် လုပ်ဆောင်မည့် လုပ်ငန်းဆောင်တာများနှင့် လုပ်ဆောင်သွားမည့်နေရာများအား တင်ပြခဲ့ပါသည်။ ညွှန်ကြားရေးမှုးချုပ်သည် အချို့သော လုပ်ငန်းဆောင်တာများနှင့်ပတ်သတ်၍ အသေးစိတ် မေးခွန်းများမေးမြန်းခဲ့ပါသည်။ ဆွေးနွေးပွဲမှာ အလွန်အကျိုးရှိခဲ့ပြီး GEN အနေဖြင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် အတူပူးပေါင်းလုပ်ဆောင်နိုင်မည့် နေရာများအား တောင်းဆိုခဲ့ပြီး ညွှန်ကြားရေးမှုးချုပ်မှလည်း ၂၀၁၉  လုပ်ငန်းအစီအစဉ်အတွက် လိုအပ်သော ညွှန်ကြားချက်များ ပေးခဲ့ပါသည်။

ဖေဖော်ဝါရီ ၈၊ ၂၀၁၉ - GEN ၏ ညွှန်ကြားရေးမှုးသည် GEN ရုံးတွင် ပြုလုပ်ခဲ့သော အစည်းအဝေးတွင် AGIPP ၏ သဘာပတိအဖြစ် ကိုယ်စားပြုကာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ပဋိပက္ခများနှင့် သက်ဆိုင်သည့် အထူးကိုယ်စားလှယ်အား တွေ့ဆုံခဲ့ပါသည်။

ဖေဖော်ဝါရီ ၉၊ ၂၀၁၉ - အဖွဲ့ဝင်များထံမှ GEN ၏ ToR နှင့် CoC တို့အတွက် အကြံဉာဏ်များရယူရန် အစည်းအဝေးတစ်ခုအား Green Hill Hotel တွင် ပြုလုပ်ခဲ့ပါသည်။

ဖေဖော်ဝါရီ ၁၃၊ ၂၀၁၉ -၂၀၁၈ ခုနှစ်မှ စတင်ကာ International labor Organization (ILO) မှ စတင်ခဲ့သော အိမ်တွင်းအကြမ်းဖက်မှုများအား ဥပဒေဖြင့် အကာအကွယ်ရရှိရန် လုပ်ဆောင်နေသည့် လုပ်ငန်းအဖွဲ့တွင် GEN အနေဖြင့် ပါဝင်ခဲ့ကာ စစ်တမ်းကောက်ယူခြင်းနှင့် အစည်းအဝေးများတွင်လည်း တက်ကြွစွာ ပါဝင်ခဲ့ပါသည်။ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် GEN ၏ National Consultant ဒေါ်စုစုငယ်သည် GEN နှင့် လုပ်ငန်းအဖွဲ့အား ကိုယ်စားပြုကာ နေပြည်တော်ရှိ Park Royal Hotel တွင် အမျိုးသမီးလွှတ်တော်အမတ်များနှင့် ပြုလုပ်ခဲ့သော စည်းရုံးလှုံဆော်ရေးအစည်းအဝေးအား တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးအား National Democratic Institute (NDI) မှ ပြုလုပ်ခြင်းဖြစ်ပြီး ILO မှ ၂၀၁၈ တွင် ပြုလုပ်ခဲ့သော အရည်အသွေးအခြေပြုနှင့် အရည်အတွက်အခြေပြု သုတေသန စစ်တမ်းမှ တွေ့ရှိချက်များအား တင်ပြခဲ့ပြီး အိမ်တွင်းအလုပ်သမားများအား အကာအကွယ်ပေးသည့် ဥပဒေအား ပြဌာန်းရေးအတွက် လှုံဆော်ခဲ့ကြပါသည်။

ဖေဖော်ဝါရီ ၁၄၊ ၂၀၁၉ - GEN ၏ ညွှန်ကြားရေးမှုးသည် EU သံအမတ်၏ နေအိမ်တွင် ပြုလုပ်ခဲ့သော Shuman Award အခမ်းအနားအား တက်ရောက်ခဲ့ပါသည်။

ဖေဖော်ဝါရီ ၁၅၊ ၂၀၁၉ - GEN ၏ ပဲ့ကိုင်ကော်မတီဝင်များသည် မေတ္တာဖောင်ဒေးရှင်းမှ နည်းပညာအကူအညီဖြင့် ရေးဆွဲထားသော GEN ၏ Core Cost Policy အား ပြန်လည်ဆန်းစစ်ခဲ့ကြပါသည်။

ဖေဖော်ဝါရီ ၁၅၊ ၂၀၁၉ - GEN-CU သည် GEN အဖွဲ့ဝင်များနှင့် အစည်းအဝေးတစ်ခုအား ပြုလုပ်ခဲ့ကာ PSHEA – Prevention of Sexual Harassment, Exploitation and Abuse; IT Use Policy; Anti-Corruption; Anti-Discrimination, Partnership Policies တို့အတွက် အဖွဲ့ဝင်များထံမှ အကြံဉာဏ်များ တောင်းခံခဲ့ပါသည်။

ဖေဖော်ဝါရီ ၁၅၊ ၂၀၁၉ - GEN ၏ ညွှန်ကြားရေးမှုးသည် ပဲ့ကိုင်ကော်မတီဝင်များနှင့် Core Cost Policy အား အပြီးသတ်ရေးဆွဲသည့် အလုပ်ရုံဆွေးနွေးပွဲအား တက်ရောက်ခဲ့ကာ အခြားပေါ်လစီများဖြစ်ကြသည့် PSHEA, Equity and Inclusion စသည်တို့ကို ကွန်ရက်အဖွဲ့ဝင်များနှင့် ဆွေးနွေးခဲ့ပါသည်။ ညနေပိုင်းတွင် Nordic House တွင် ပြုလုပ်ကျင်းပသည့် Nordic Day အခမ်းအနားအား တက်ရောက်ခဲ့ပါသည်။

ဖေဖော်ဝါရီ ၁၆၊ ၂၀၁၉ - GEN ၏ Head of Policy Advocacy Unit သည် AIESEC မြန်မာမှ ဗိုလ်တစ်ထောင်မြို့နယ်ရှိ National Management College တွင် ပြုလုပ်ခဲ့သော စီးပွါးရေး တိုးတက်မှုအတွက် အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြှင့်တင်မှုအား အလေးထားဆွေးနွေးခဲ့သည့် Youth Speak Forum Tour 2019 အား တက်ရောက်ကာ စကားဝိုင်းဆွေးနွေးပွဲတွင် ပါဝင်ခဲ့ပါသည်။

 ဖေဖော်ဝါရီ ၂၀၊ ၂၀၁၉ - GEN ၏ ပူးတွဲသဘာပတိနှင့်အတူ GEN အဖွဲ့သည် GEN ရှေ့ဆက်လုပ်ဆောင်မည့် အလုပ်နှင့် ကျား၊ မ ရေးရာ အခြေပြုအကြမ်းဖက်မှုအား ကျူးလွန်ခဲ့ကြသော တရားခံများနှင့် လုပ်ဆောင်ရမည့် သုတေသသနတို့အား ဆွေးနွေးရန်အတွက် နေပြည်တော်ရှိ အကျဉ်းဦးစီးဌာနနှင့် တွေ့ဆုံခဲ့ပါသည်။ ဆက်လက်ပြီး အကျဉ်းသားများအား ကျား၊ မ ရေးရာ အခြေပြုအကြမ်းဖက်မှုအား အသိပညာရေးနှင့် နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် စာကြည့်တိုက်နှင့် ပညာပေးဖျော်ဖြေရေး အစီအစဉ်များ လိုအပ်နေသည်ကို ဆွေးနွေးခဲ့ကြပါသည်။

ဖေဖော်ဝါရီ ၂၂၊ ၂၀၁၉ - ပဲ့ကိုင်ကော်မတီဝင်များနှင့်အတူ GEN-CU သည် GEN အား ငွေကြေးအရ ပံ့ပိုးပေးနေသော အလှူရှင်များနှင့်တွေ့ဆုံခဲ့ကာ GEN ၏ ဆယ်နှစ်ကြာအတွေ့အကြံုများ၊ စိန်ခေါ်မှုများနှင့် ရှေ့ဆက်သွားမည့် ဦးတည်ချက်များအား ဆွေးနွေးတင်ပြခဲ့ပါသည်။

ဖေဖော်ဝါရီ ၂၂၊ ၂၀၁၉ - GEN ၏ ညွှန်ကြားရေးမှုးသည် GEN အား နှစ်ကာလကြာရှည်စွာ ပံ့ပိုးပေးနေသူများနှင့် အစည်းအဝေးတစ်ခုအား ပြုလုပ်ခဲ့ပြီး EU နှင့်တွေ့ဆုံခဲ့ပါသည်။

ဖေဖော်ဝါရီ ၂၃၊ ၂၀၁၉ - GEN ၏ ပဲ့ကိုင်ကော်မတီဝင်များနှင့် CU တို့သည် GEN ၏ လက်ရှိရေးဆွဲနေသော ပေါ်လစီများဖြစ်သည့် Prevention of Sexual Harassment, Exploitation and Abuse; Safety and Security Guidelines, Child Protection; Human Resource Policy; Finance and Accounting; IT Policy; Procurement and Asset Management; Anti-Corruption; Core Cost Policy; နှင့် Communication Policy တို့ကို ဆန်းစစ်ခဲ့ကြပါသည်။

ဖေဖော်ဝါရီ ၂၅၊ ၂၀၁၉ - GEN အဖွဲ့ဝင်များသည် GEN ၏ ခြောက်လစာ လုပ်ငန်းအစီအစဉ်ကို ဆန်းစစ်ခဲ့ကြကာ မတူညီသော နေရာများတွင် လုပ်ကိုင်နေကြသော အဖွဲ့ဝင်များ၏ ပါဝင်မှုဖြင့် EU-EIDHR စီမံကိန်းအဆိုပြုလွှာအသစ်အား လေ ျှာက်ထားရန် သဘောတူခဲ့ကြပါသည်။

ဖေဖော်ဝါရီ ၂၅၊ ၂၀၁၉ - GEN ၏ Head of Policy Advocacy Unit သည် နေပြည်တော်တွင် ပြုလုပ်ခဲ့သော မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီမှ ပြုလုပ်ခဲ့သော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အကြိုအစည်းအဝေးအား တက်ရောက်ခဲ့ပါသည်။

ဖေဖော်ဝါရီ ၂၆၊ ၂၀၁၉ - GEN ၏ Head of Policy Advocacy Unite သည် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ပြုလုပ်ခဲ့သော မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ ဆပ်ကော်မတီ (၈) ခု၏ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သတ်သည့် ညှိနှိုင်းအစည်းအဝေးအား တက်ရောက်ခဲ့ပါသည်။

 

 

 

back

Share
Share
Share